ညစ်ညမ်းမှုကြောင့် ဘယ်လို ထိခိုက်စေမလဲ!
၂၀၂၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် တော်တော်လေး သက်ရောက်မှု ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ လေထုညစ်ညမ်းမှုက ကာလတို အနေနဲ့ဆိုရင် နာတာရှည် အဆုတ်လေပြံန်ရောင်ရမ်းတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ အသက်ရှူရ ပြတ်တောင်းတောင်း ဖြစ်တာ၊ အသက်ရှူရင် တရွှီရွှီမြည်တာ၊ ပန်းနာရင်ကျပ်၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ရေရှည်ထိတွေ့မယ်ဆိုရင် နာတာရှည် ပန်းနာရင်ကျပ်၊ အဆုတ်စွမ်းဆောင်ရည် ကျဆင်းတာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ နာတာရှည် ကျန်းမာရေးပြဿနာ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေမှာလည်း ကျန်းမာရေးထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ညစ်ညမ်းမှုတွေ များလာတဲ့ကြားမှာ ထိခိုက်မှု ကင်းစေဖို့
နေ့စဉ် ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေကြောင့် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ ဖြစ်တာကို ဖယ်ရှားပြီး ကိုယ်ခံအား ထိခိုက်မှု ကင်းစေဖို့ဆိုရင် - အာဟာရပြည့်ဝမျှတအောင် စားသုံးပါ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားမိဖို့ လိုပါမယ်။ ဒါမှ ညစ်ညမ်းမှုမှာ ပါလာတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု ကင်းစေမှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဒါလေးတွေ ပါဝင်အောင် စားသုံးပေးပါ။- အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ - သွေးကြောထုက အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့် ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းစိမ်းတို့လိုမျိုး ကလိုရိုဖီးလ် ပါဝင်နေတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ
- ဂေါ်ဖီမျိုးရင်းဝင် အသီးအရွက်တွေ - အသည်းက အဆိပ်အတော်ကတွေကို ဖယ်ရှားပေးမယ့် ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်တို့လိုမျိုး ဂေါ်ဖီမျိုးရင်းဝင် အသီးအရွက်တွေ
- ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေ - ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေ၊ ငရုတ်ပွ၊ စတော်ဘယ်ရီတို့လိုမျိုး အသီးအနှံတွေကို စားပေးလို့ ရပါတယ်။
- အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ - အမျှင်ဓာတ်က အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ နှံစားသီးနှံတွေ၊ ပဲအမျိုးမျိုး၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။
- အသည်းဆဲလ်တွေကို ကျန်းမာစေဖို့နဲ့ အသည်းစွမ်းဆောင်ရည် ကောင်းစေဖို့ Milk Thistle
- အရောင်ကျစေဖို့၊ အသည်းကျန်းမာစေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ curcumin ပါဝင်နေတဲ့ နနွင်း
- ကိုယ်ခံအားအတွက် လိုအပ်မယ့် အာဟာရတွေ ပြည့်ဝစေဖို့နဲ့ အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ့် အကျိုးပြုဘက်တီးရီးယားပါဝင်နေတဲ့ ဖြည့်စွက်အာဟာရတွေ စားသုံးပေးဖို့လည်း လိုပါမယ်။
Lotoshin ရဲ့ စကားလက်ဆောင် လေထုညစ်ညမ်းမှုနဲ့ အမျိုးမျိုးသော ညစ်ညမ်းမှုတွေကို ထိတွေ့မှုကနေ လျှော့ချနိုင်ဖို့နဲ့ အမြဲရှောင်နေဖို့က မလွယ်တာကြောင့် ညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချဖို့အတွက် အာဟာရပြည့်ဝမျှတအောင် စားသုံးတာ၊ ရေလုံလောက်အောင် သောက်သုံးတာ၊ အိပ်ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အပြင်ထွက်တဲ့အခါ မတ်ခ်တပ်တာ၊ အပြင်က ပြန်လာတိုင်းမှာ လက်ဆေးတာ၊ အဝတ်အစားတွေ လဲလှယ်တာမျိုး လုပ်ပြီး ကိုယ်တိုင်နဲ့ မိသားစုဝင်တွေကို ညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချ လို့ ရပါတယ်။ အိမ်တွင်းမှာလည်း အသုံးပြုတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဓာတုပစ္စည်း ပါဝင်မှု နည်းတာတွေကို ရွေးချယ်မိဖို့ လိုပါမယ်။# Disclaimer: ယခုဆောင်းပါးတွင် ပါဝင်သည့် အကြောင်းအရာများမှာ ဗဟုသုတမျှဝေဖို့အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ကုသစစ်ဆေးမှုတွေအစား အစားထိုးအသုံးပြုရန် မဟုတ်ပါ။ ကျန်းမာရေးပြဿနာ တစ်ခုခု ရှိမယ်ဆိုရင် သင့်တော်တဲ့ စစ်ဆေးကုသမှုခံယူဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!