ခြေထောက် ဘာကြောင့်ဆေးသင့်တာလဲ!
ခြေထောက်ဆိုတာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်သလို ချွေးဂလင်းပေါင်း ၂၅၀၀၀၀ ကျော်ရှိနေတဲ့ အစိတ်အပိုင်းဆိုလည်း မမှားပါဘူး။ နောက်တစ်ချက်ရှိတာက ခြေထောက်ဆိုတာက တစ်နေကုန် လှုပ်ရှားသွားလာတဲ့နေရာမှာ အသုံးပြုရတဲ့ အစိတ်အပိုင်းလည်း ဖြစ်တာကြောင့် ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ ကပ်တွယ် နေနိုင်ပါတယ်။ ဒါကြောင့် ညဘက် အိပ်ရာမဝင်ခင်မှာ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိနိုင်ဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် ခြေထောက်ကို သေချာလေး ဆေးကြောသင့်ပါတယ်။ညမအိပ်ခင် ခြေထောက်ဆေးတာ ကျန်းမာစေမလား!
ညမအိပ်ခင် ခြေထောက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းအနေနဲ့ရော ကျန်းမာရေးအနေနဲ့ပါ အများကြီး ထောက်ကူပေးနိုင်ပါတယ်။ ညဘက် အိပ်ရာမဝင်ခင်မှာ ရေခပ်နွေးနွေးလေး ဒါမှမဟုတ် ရေအေးအေးလေးနဲ့ ဆေးကြော သန့်စင်ပေးတာက -- ခြေထောက်အနံ့ဆိုးတွေ သက်သာစေတယ်
- ခြောက်သွေ့နေတဲ့ အရေပြားတွေကို ဖယ်ရှားပေးနိုင်တယ်
- အဆစ်တွေကြွက်သားတွေနာကျင်တာကို သက်သာစေတယ်
- ခန္ဓာကိုယ် အပူချိန်ကို ထိန်းပေးနိုင်တယ်
- သွေးလည်ပတ်မှု ကောင်းစေတယ်
- စိတ်ခံစားမှုကောင်းစေတယ်
- ပိုးဝင်ကူးစက်တာမျိုး ကာကွယ်ပေးနိုင်တယ်
- ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်
ခြေထောက်ကို ဘယ်လောက်ကြာကြာဆေးရမလဲ!
ခြေထောက်ကို ၅ မိနစ် ကနေ ၁၀ မိနစ် ဒါမှမဟုတ် အများဆုံး ၁၅ မိနစ်လောက် ဆေးပေးရင်ကို လုံလောက်ပါတယ်။ ခြေထောက်ကို ရေလောင်းပြီး ဆေးကြောပေးလို့ ရသလို ခြေထောက်ကို ရေဇလုံထံ ထည့်စိမ်ပြီးလည်း ဆေးကြောပေးလို့ ရပါတယ်။Lotoshinn ရဲ့ စကားလက်ဆောင် ခြေထောက်ဆေးကြောတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများ တယ်ဆိုပေမယ့် ဆီးချိုရောဂါရှိတာ၊ ခြေထောက်မှာ ရေဝဲ၊ သဲဝဲရှိနေမယ်ဆိုရင် ခြေထောက်ကို သေချာလေး သန့်စင်ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ဖို့လိုပါမယ်။ ခြေချောင်းကြားတွေကိုလည်း သေချာလေး ခြောက်အောင် သုတ်ဖို့ လိုပါမယ်။ ပြီးရင်တော့ လိုအပ်သော အစိုဓာတ်ထိန်းခရင်မ် လိမ်းတာမျိုး၊ မှိုသတ်ဆေး လိမ်းတာမျိုးတွေ လုပ်ဖို့လည်း လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!