စက်ဘီးက လူအတော်များများနဲ့ မကင်းတဲ့အရာပါ။ ငယ်စဉ်က စီးဖူးတာရှိသလို ဒီနေ့ဒီချိန်အထိ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲ လူတွေလည်း ရှိနေကြပါရဲ့။ သူတို့ ခုလို စက်ဘီးကို အသုံးချနေတာကြောင့် လိုရာခရီးကို ခပ်မြန်မြန်ရောက်ရုံသာမက တခြားအကျိုးကျေးဇူးတွေပါ ပိုင်ဆိုင်နေတာပါ။ ကိုယ့်ကိုယ်ကို သတိမထားမိသေးရင်တောင်မှပေါ့။
စက်ဘီးစီးတာဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်တဲ့ အထောက်အကူပစ္စည်းတစ်ခုပါ။ စက်ဘီးစီးတဲ့အလေ့အထဟာ အိမ်တွင်းအောင်းနေရလို့ စိတ်ဓာတ်ကျနေတဲ့လူတွေ၊ အဝလွန်နေတဲ့လူတွေကို ပုံမှန်ဘဝဆီပြန်လည်သယ်ဆောင်သွားပေးနိုင်ပါတယ်။
ပုံမှန်အားဖြင့် စက်ဘီးစီးတာဟာ ကိုယ်အလေးချိန် လျှော့ချတာအပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတိုး၊ ဆီးချို၊ အရိုးနဲ့သက်ဆိုင်တဲ့ရောဂါတွေ သက်သာစေဖို့ အကျိုးပြုနိုင်ပါတယ်။ သက်လုံလည်း ကောင်းစေနိုင်ပါသေးတယ်။
စက်ဘီးတစ်နေ့ကို မိနစ် ၂၀ ကနေ ၃၀ ဝန်းကျင်လောက် စီးပေးမယ်ဆိုရင်တောင်မှ နှစ်ပတ်အကြာမှာ သင့်ခန္တာကိုယ်မှာ အောက်ပါအတိုင်း အကျိုးထူးတွေ ခံစားလာရမှာပါ။
?♀️ထိခိုက်ဒါဏ်ရာရတာနည်းလာမယ်
?♀️ကြွက်သားတွေ ပိုမိုကြံ့ခိုင်လာမယ်
?♀️အားကစားပြုလုပ်ရာမှာ ပိုမိုလွယ်ကူလာမယ်
?♀️ကြံ့ခိုင်မှုနဲ့ သက်လုံ ပိုကောင်းလာမယ်
?♀️ဖျားနာတာ၊ ထိခိုက်ဒါဏ်ရာရတာတွေ ဖြစ်ခဲ့ရင် ပျောက်ကင်းနှုန်းပိုမြန်မယ်
?♀️ကိုယ်ရည်စစ်လာမယ်
?♀️ကိုယ်အလေးချိန် ၁ KG လောက် ကျသွားမယ်။
တကယ်လို့ သင်က ပုံမှန် စက်ဘီးစီးနေတဲ့ သူတစ်ယောက်ဆိုပါစို့။ ဒါဆိုရင်တော့ စက်ဘီးပုံမှန်စီးနေတာမို့ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အကျိုးကျေးဇူးအများအပြား ရရှိပြီးသားဖြစ်နေမှာပါ။ ဘာတွေလဲဆိုရင်တော့
?နှလုံးကြံ့ခိုင်မှုတိုးတက်လာမယ်
?ခန္တာကိုယ်တောင့်တင်းသန်မာလာမယ်
?ပေ့ါပါးသွက်လက်လာမယ်
?အဆစ်အမြစ်တွေ အားကောင်းလာမယ်
?စိတ်ဖိစီးမှု လျော့ကျလာမယ်
?ကိုယ်ဟန်အနေအထား ကြည့်ကောင်းလာမယ်
?အရိုးတွေ ခိုင်မာလာမယ်
?အဆီတွေ လျော့ကျလာမယ်
?စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတွေကို လျော့ချနိုင်လာမယ်။
လူအတော်များများအတွက်ကတော့ စက်ဘီးစီးတယ်ဆိုတာ အလှစီးတာမဟုတ်ပဲ၊ ကုန်ကျစရိတ်သက်သာစေဖို့၊ ဘေးအန္တရာယ်ကင်းစေဖို့၊ သွားလာရေးလွယ်ကူစေဖို့၊ ကျန်းမာစေဖို့ ရည်ရွယ်စီးနေကြတာပါ။ ဒီလိုအခြေအနေတွေကိုမှ ကျန်းမာကြံ့ခိုင်စေတယ်ဆိုတဲ့ လာဘ်ကြီးတစ်ပါးပါ ထပ်ပေါင်းလိုက်နိုင်မယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားမဟုတ်လားနော်။
Ref: Medical News Today
အထွေထွေ
တစ်နေ့ နာရီဝက်လောက် စက်ဘီးစီးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!