တရုတ်နိုင်ငံမှာရှိတဲ့ ကျန်းမာရေးအရာရှိတွေက နိုင်ငံတွင်းမှာ အဖျားတက်ပြီး အဆစ်တွေကို နာကျင်စေနိုင်တဲ့ ခြင်ကနေတဆင့် ကူးစက်နိုင်တဲ့ Chikungunya ဖြစ်ပွားမှု ၈,၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ပွားမှုဟာ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ လူဦးရေ ၁၀ သန်းနီးပါး နေထိုင်ကြတဲ့ Guangdong စီရင်စုမှာရှိတဲ့ Foshan မြို့မှာ အများဆုံး ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ Foshan မြို့မှ မြောက်ဘက် မိုင် ၄၀၀ အကွာမှာ တည်ရှိတဲ့ ဟောင်ကောင်၊ မကာအိုနဲ့ ဟူနန်စီရင်စုတို့မှာလည်း ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ထုတ်ပြန်မှုတွေ ရှိနေပါတယ်။
ဒီအခြေအနေတွေကြောင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က တရုတ်နိုင်ငံနဲ့ ဘိုလီးဗီးယား၊ ကင်ညာ၊ မက်ဒါကာစကာ၊ ဆိုမာလီယာ၊ သီရိလင်္ကာ၊ ရီယူနီယံ၊ Mauritius၊ Mayotteတို့ အပါအဝင် ရောဂါဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ထိစပ်နေတဲ့ နေရာတွေဆီကို သွားရောက်ကြမယ့် ခရီးသွားတွေကို သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။
Chikungunya က ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ အဆစ်တွေမှာပါ။ ဒီအဖျားရောဂါကို ခံစားရပြီဆိုရင် အဆစ်တွေနာကျင်ကိုက်ခဲတာကို ရက်သတ္တပတ်အတော်ကြာ ဒါမှမဟုတ် လနဲ့ချီ၊ နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်၊ လို့ ဆန်ဖရန်စ္စကိုမှာ ရှိတဲ့ ကယ်လ်လီဖိုးနီးယားတက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Chin-Hongက ဝါရှင်တန်ပို့စ်မှာ ပြောကြားခဲ့ပါတယ်။
အထွေထွေ
တရုတ်နိုင်ငံတွင် Chikungunya ဖြစ်ပွားမှု ၈,၀၀၀ ကျော်တွေ့ရှိ
Admin
📅 12.08.2025
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!