တုပ်ကွေး မြန်မြန်သက်သာချင်ရင် ဒီအချက်လေးတွေ လုပ်ပေးပါ
အထွေထွေ

တုပ်ကွေး မြန်မြန်သက်သာချင်ရင် ဒီအချက်လေးတွေ လုပ်ပေးပါ

Admin

📅 30.05.2024
ခုလို မိုးလေးတဖွဲဖွဲနဲ့ စိုစိုစွတ်စွတ်ဖြစ်လာပြီဆိုရင် အေးမြတဲ့ရာသီဥတုနဲ့အတူ ပါလာတတ်တဲ့ အရာ တစ်ခု ရှိပါတယ်။ ဒါကတော့ တုပ်ကွေး ပါ။ တုပ်ကွေးက အချိန်တိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် မိုးဦးကာလမှာ တုပ်ကွေးက အတော်လေး အဖြစ်များပါတယ်။ တုပ်ကွေးဆိုတာက အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်မှုတစ်မျိုးပါ။ Influenza လို့ခေါ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ တုပ်ကွေးဗိုင်းရပ်စ်တွေက အမျိုးအစားတွေ အများကြီးရှိပါတယ်။ တုပ်ကွေးက သိပ်မပြင်းထန်တဲ့ အနေအထားကနေ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။ သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင်တော့ မြန်မြန် သက်သာမှာပါ။ တကယ်တမ်းအားဖြင့်ဆိုရင် တုပ်ကွေးဖြစ်လာခဲ့ရင် အတော်လေး ခံစားရခက်ပါတယ်။ နေ့စဉ်အလုပ်တွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင် အရင်ဆုံး တွေးမိတဲ့ အတွေးက မြန်မြန်သက်သာလာစေဖို့ပါ။ ဒီအတွေးလေးကို အကောင်အထည်ဖော်နိုင်စေဖို့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။

တုပ်ကွေး မြန်မြန်သက်သာစေမယ့် နည်းလမ်းလေးတွေကတော့

ရေများများ သောက်ပါ - တုပ်ကွေးအပါအဝင် ဖျားနာမှုတွေ ခံစားနေရချိန်မှာ မြန်မြန်သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းက ရေများများသောက်ပေးပါ။ ဖျားနာချိန်မှာ ရေဓာတ်ပြည့်ဝမှုက ကိုယ်ခံအားကို အားဖြည့်ပေးပြီး မြန်မြန်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ရေအစား အုန်းစိမ်းရည်၊ သဘာဝ သစ်သီးဖျော်ရည်တွေကို သောက်ပေးလို့ ရပါတယ်။ အချိုရည်တွေနဲ့ ကဖင်းပါတဲ့ သေက်စရာတွေတော့ မသောက်ပါနဲ့။ တုပ်ကွေး မြန်မြန်သက်သာချင်ရင် ဒီအချက်လေးတွေ လုပ်ပေးပါ စွပ်ပြုတ် ပူပူလေး သောက်ပေးပါ - နေမကောင်းတဲ့အခါ အားပြည့်ပြီးမြန်မြန်ကျန်းမာလာစေဖို့အတွက် ကြက်စွပ်ပြုတ် ပူပူလေး သောက်ပေးလို့ရပါတယ်။ ကြက်သားတင် မဟုတ်ပါဘူး။ အခြား အသားစွပ်ပြုတ်တွေလည်း သောက်ပေးလို့ ရပါတယ်။ ကြက်စွပ်ပြုတ် အပါအဝင် အသားစွပ်ပြုတ်တွေမှာပါဝင်တဲ့  ပရိုတင်းကြောင့် အားပြည့်စေပြီး တုပ်ကွေး မြန်မြန် သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ပြည့်ပြည့်ဝဝ အနားယူပါ - တုပ်ကွေးက ကိုယ်ခံအား နည်းနေချိန်မှာ ဝင်ရောက်လာတာပါ။ လူတွေတုပ်ကွေးမိ ဖျားနာဖြစ်ရတာက ခန္ဓာကိုယ်က အရမ်းပင်ပန်းပြီး ကိုယ်ခံအား နည်းသွားတာကြောင့်ပါ။ ဒီလို အခြေအနေမျိုးမှာ အမြန်ဆုံး သက်သာလာစေဖို့ဆိုရင် စိတ်ရောကိုယ်ပါ အနားပေးလိုက်တာပါ။ ဒါကြောင့် တုပ်ကွေး မြန်မြန်သက်သာစေဖို့ဆိုရင် ပြည့်ပြည့်ဝဝအနားယူပေးပါ။ ဆားရည်နဲ့ အာလုပ်ကျင်းပါ - ဆားရည်နဲ့ အာလုပ်ကျင်းပေးတာကက အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာတွေကို သက်သာစေပြီ ချွဲပျော်စေပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်သလို အသက်ရှူလမ်းကြောင်း တလျှောက်က တုပ်ကွေးဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးပါတယ်။ ရေနွေးနဲ့ ရေချိုးပါ - ရေနွေးနဲ့ ရေချိုးတာက တုပ်ကွေးကို သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်က နာကျင် ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်နေချိန်မှာ ရေနွေးနွေးနဲ့ ရေချိုးပေးတာက တစ်ကိုယ်ရေ သန့်ရှင်းကို ဂရုစိုက်ပေးရာ ရောက်သလို တုပ်ကွေးလက္ခဏာတွေကိုလည်း သက်သာစေနိုင်မှာပါ။ တုပ်ကွေးကို ရက်တိုတိုနဲ့ နှင်လွှတ်နိုင်ဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လက်တွေ့ အကောက်အထည်ဖော်လိုက်နော်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!