ဒူးနာတာကို သက်သာစေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းများ!
အထွေထွေ

ဒူးနာတာကို သက်သာစေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းများ!

Admin

📅 25.09.2025
ဒူးနာတယ်ဆိုတာက အသက်အရွယ် ကြီးရင့်သူ အထူးသဖြင့် အမျိုးသမီးတွေမျာ အဖြစ်များတယ်ဆိုပေမယ့် ငယ်ရွယ်သူတွေမှာလည်း ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်၊ အဝလွန်နေမယ်ဆိုရင် ဒူးနာတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဒူးနာတာကို သက်သာစေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ 

ဒူးနာတာကို သက်သာစေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းများ!

ဒူးနာတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ကုသလို့ ရပါတယ်။
  • မုန်လာဥနီ
မုန်လာဥနီက အမြင်အာရုံ ကျန်းမာစေတယ်လို့ပဲ လူသိများကြပေမယ့် တကယ်ကတော့ မုန်လာဥနီက ဒူးနာတာကို သက်သာစေနိုင်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင် A နဲ့ ဘီတာကယ်လ်ရိုတင်းပါဝင်နေတာကလည်း အရောင်ကျစေဖို့ ထောက်ကူကေးနိုင်ပါတယ်။ ဒူးနာတာကို သက်သာစေဖို့ တစ်နေ့ကို မုန်လာဥနီ အရွယ်တော် ၂ လုံးလောက် စားပေးလို့ ရပါတယ်။ 
  • နနွင်း
နနွင်းက ဒူးနာတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ နနွင်းမှာ ကာကူမင် ပါဝင်နေတာကလည်း အရောင်ကျစေပြီး ဒူးနာတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
  • ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို နာနေတဲ့ ဒူးပေါ်မှာ တိုက်ရိုက်လိမ်းပေးတာမျိုး လုပ်ပေးရင်ဖြစ်ဖြစ် ရေနဲ့ ရောစပ်ပြီး သောက်သုံးပေးတာကလည်း ဒူးတဝိုက်က အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒူးတဝိုက်ကို သံလွင်ဆီနဲ့ ပန်းသီးရှာလကာရည်ကို ရောစပ်ပြီး လိမ်းပေးတာကလည်း ဒူးနာတာကို သက်သာစေနိုင်ပါတယ်။ 
  • ချင်း (ဂျင်း) 
ချင်း (ဂျင်း) ကလည်း ဒူးနာတာကို သက်သာစေနိုင်ပါတယ်။ အရောင်ကျစေနိုင်တဲ့ ချင်း (ဂျင်း) ကို ရေနွေးကြမ်းထဲ ထည့်သောက်တာ၊ ဟင်းထဲထည့်ချက်စားတာတွေ လုပ်ပေးလို့ ရပါတယ်။ ချင်း (ဂျင်း) ကရတဲ့ အဆီကို ဒူးမှာ လိမ်းပေးလို့လည်း ရပါတယ်။
  • သစ်ကြားသီး
သစ်ကြားသီးမှာ Omega-3 fatty acids နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ဒူးတဝိုက် တင်းတင်းကြီး ဖြစ်နေတာနဲ့ ဒူးနာတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဒူးနာနေတယ်ဆိုရင် သစ်ကြားသီးကို စားပေးလို့ ရပါတယ်။ 
  • နှံစားသီးနှံတွေ
နှံစားသီးနှံတွေကို စားပေးတာက အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒူးနာတတ်တယ်ဆိုရင် ဂျုံကြမ်းပေါင်မုန့် စားပေးတာ၊ ဆန်လုံးညို၊ အုတ်ဂျုံတွေကို စားပေးလို့ ရပါတယ်။ အဆစ်တွေ ကျန်းမာစေဖို့ နှံစားသီးနှံတွေက အတော်လေး အဆင်ပြေပါတယ်။ 
  • မုန်ညှင်းဆီ
မုန်ညှင်းဆီကို အုန်းဆီ၊ သံလွင်ဆီတို့နဲ့ ရောစပ်ပြီး ဒူးကို လိမ်းပေးတာကလည်း ဒူးနာတာကို သက်သာစေနိုင်ပါတယ်။ မုန်ညင်းဆီက သွေးလည်ပတ်မှု ကောင်းစေနိုင်တာကြောင့် ချက်ပြုတ်ရာမှာ လည်းထည့်သွင်းစားသုံးပေးလို့ ရပါတယ်။ 
  • ထောပတ်သီး
ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီပါဝင်နေတာကြောင့် အရောင်ကျစေဖို့ ထောက်ကူပေးနိုင် သလို ဒူးနာတာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဒူးနာနေတယ်ဆိုရင် ထောပတ်သီး စားပေးလို့ ရပါတယ်။ 
  • ငရုတ်သီးအနီတောင့်
ငရုတ်သီး အနီတောင့်က ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနိုင်တဲ့ အရေးပါတဲ့ ဗီတာမင်တွေ ပါဝင်နေပါတယ်။ အဆစ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို အရိုးနဲ့ ကြွက်သားတွေတွယ်ဆက်နိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဒူးနာတတ်တယ်ဆိုရင် ငရုတ်သီးအနီရောင်တောင့် လတ်လတ်ဆတ်ဆတ်လေးတွေကို စားပေးလို့ ရပါတယ်။
  • ကြက်သွန်ဖြူ
အရောင်ကျစေနိုင်တဲ့ ကြက်သွန်ဖြူကလည်း ဒူးနာတာကို သက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူကို စားပေးတာက အနာကျက်စေဖို့ ထောက်ကူပေးနိုင်သလို ဒူးနာတာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဒူးနာတတ်ရင် ကြက်သွန်ဖြူ စားပါ။
  • ဂေါ်ဖီရွက်
ဒူးနာနေတာကို သက်သာစေဖို့အတွက်ဆိုရင် ဂေါ်ဖီရွက် လတ်လတ်ဆတ်ဆတ်ကို ဒူးတဝိုက်မှာ ပတ်ထားပြီး မိနစ် ၂၀ ကနေ နာရီဝက်လောက် ထားပေးဖို့ လိုပါမယ်။ ဂေါ်ဖီရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • Epsom salts  ဆားရည်စိမ်တာ
ရေနွေးနွေးလေးထဲကို Epsom salts ထည့်ပြီး အဲ့ရေနဲ့ ဒူးကို လောင်းပေးတာ၊ ရေဇလုံထဲထည့်ပြီး ရေစိမ်ချိုးတာမျိုး လုပ်ပေးမယ်ဆိုရင်တော့ ဒူးနာတာကို သက်သာစေနိုင်ပါတယ်။ 
  • ရေခဲဝတ်ကပ်ပါ
ဒူးနာနေပြီဆိုရင် နာနေတဲ့ဒူးတဝိုက်ကို ရေခဲဝတ်လေး ကပ်ပေးတာကလည်း ဒူးနာတာကို သက်သာစေဖို့ရော အရောင်ကျစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဒူးနာနေပြီဆိုရင် ရေခဲဝတ်လေးနဲ့ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် ကပ်ပေးပါ။ 
  • ဆေးဖက်ဝင်အပင်တွေကို ကြိတ်ပြီး ကပ်ပေးပါ
ဒူးနာနေပြီဆိုရင်တော့ နနွင်း၊ ချင်း (ဂျင်း)တို့ကို ကြိတ်ပြီး မုန်ညှင်းဆီနဲ့ ရောစပ်လို့ ဒူးကို ကပ်ပေးတာက အရောင်ကျစေပြီး ဒူးနာတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဒီအရောကို ဒူးတဝိုက်မှာ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ကပ်ပေးထားပါ။ 
Lotoshinn ရဲ့ စကားလက်ဆောင် ဒူးနာတာကို သက်သာစေဖို့ ဒီနည်းလမ်းတွေကို သုံးပေမယ့် ခဏလောက်ပဲ သက်သာသွားတယ်၊ ဒူးနာတာက ကာလရှည်ကြာဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ လိုပါမယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!