နေထိုင်ရာ နေရာဒေသကို လိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်လား!
လေ့လာမှုတွေအရ သိရတာက ရေဓာတ်လိုအပ်ချက်က လူတစ်ဦးနဲ့ တစ်ဦးရဲ့ အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ခန္ဓာကိုယ် အရွယ်အစား၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ နေထိုင်ရာ အရပ်ဒေသရဲ့ ရာသီဥတု အခြေအပေါ်ကို လိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်တယ် ဆိုတာပါ။ နေထိုင်ရာနေရာဒေသရဲ့ အပူချိန်၊ ရာသီဥတု အနေအထား၊ နေရောင်အောက်မှာ အလုပ်လုပ်ရတာမျိုးဆိုရင်တော့ ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်ပါတယ်။ ရာသီဥတုက ပူနေမယ်။ စိုထိုင်းဆများနေမယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအောက်မှာ နေထိုင်မယ်ဆိုရင် ချွေးထွက်များပြီး ကိုယ်တွင်းရေဓာတ် ဆုံးရှုံးနိုင်ခြေလည်း ပိုများပါ တယ်။ နောက်တစ်ချက်ကတော့ နေထိုင်ရာဒေသက အမြင့်ပိုင်းဒေသဖြစ်မယ်ဆိုရင်လည်း နေရောင်နဲ့ ပိုပြီး နီးကပ်စွာ ထိတွေ့မှုကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးနိုင်ခြေက မြေပြန့်ဒေသကသူတွေထက် ပိုများနိုင်ပြီး ရေများများ သောက်ဖို့ လိုပါမယ်။ နေရောင်အောက်မှာ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်တွေကို လုပ်နေတာမျိုး၊ ကိုယ်လက်လှုပ်ရှားမှုတွေကို ပင်ပင်ပန်းပန်း လုပ်ရတာမျိုး ဖြစ်မယ်ဆိုရင်လည်း ကိုယ်တွင်းရေဓာတ် ဆုံးရှုံးမှု များတာကြောင့် ရေကို ပုံမှန်ထက် သောက်ဖို့ လိုမှာပါ။ နောက်သတိထားရမယ့် အချက်တစ်ခုက မြေပြန့်မှာပဲနေနေ တောင်ပေါ်ဒေသမှာပဲနေနေ အေးတဲ့လတွေထက် ပူအိုက်တဲ့ နွေရက်တွေမှာ ရေဓာတ်ကို ပိုမို လိုအပ်နိုင်တာကြောင့် ရေကို ပုံမှန်ထက် ပိုသောက်ဖို့ လိုပါမယ်။ ရာသီဥတုနဲ့ နေထိုင်ရာဒေသကတင် ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်အပေါ်မှာ သက်ရောက်နေတာမဟုတ်ဘဲ အချို့သော အချက်လေးတွေကလည်း သက်ရောက်မှု ရှိနေပါသေးတယ်။ ဘယ်လို အချက်လေးတွေလည်း ဆိုတော့ -- ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်နေတယ်ဆိုရင်
- ကျန်းမာရေးအခြေအနေ
- ကိုယ်ဝန်ဆောင်နေရမယ်။ နို့တိုက်နေရမယ်။
Lotoshinn ရဲ့ စကားလက်ဆောင် နေရာဒေသကိုလိုက်ပြီး ရေဓာတ်လိုအပ်ချက် ကွာခြားနိုင်တာကြောင့် ရေကိုလုံလောက်အောင် သောက်သုံးဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝဖို့က ရေကိုပဲ သောက်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ရေအပြင် အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးတာအပြင်၊ ဓာတ်ဆားဖြည့်သောက်စရာလေးတွေကို သောက်ပေးလို့ ရပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!