နေပူထဲသွားပြီးရင် ဒါတွေ စားပေးပါ
အထွေထွေ

နေပူထဲသွားပြီးရင် ဒါတွေ စားပေးပါ

Admin

📅 26.04.2024

ဒီနှစ်နွေက အတော်လေးပူလှတယ်နော်။ ဒီတော့ အကြောင်းကိစ္စတစ်ခုခုကြောင့် အပြင်ထွက်ရတိုင်း သတိဝီရိယနဲ့ သွားလာစားသောက်ဖို့ သိပ်ကိုလိုအပ်လှပါတယ်။ နေပူနေချိန်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ အပြင်ထွက်နေရတဲ့အခါမျိုးမှာ အသားအရေကို နေလောင်တာတွေ၊ အပူဒဏ်ကြောင့် ကိုယ်တွင်းက ရေဓာတ်တွေကိုလည်း ဆုံးရှုံးတာတွေ ကြုံရတတ်ပါတယ်။

ခန္ဓာကိုယ်မှာ ရေဓာတ်တွေ ဆုံးရှုံးတဲ့အခါမှာ မောပန်းနွမ်းနယ်လွယ်တာ၊ အပူလျှပ်တာနဲ့ အခြားသော ကျန်းမာရေး ကိစ္စ အမျိုးမျိုးကို နောက်ဆက်တွဲအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီတော့ နေပူကျဲတဲထဲ မကြာခဏ သွားလာ လှုပ်ရှားနေရသူတွေအတွက် ရေဓာတ်ပြည့်ဝနေစေဖို့ အပြင်မသွားခင်မှာပဲဖြစ်ဖြစ်၊ သွားပြီးပြန်လာချိန်မှာပဲ ဖြစ်ဖြစ် ခုပြောပြပေးမယ့် အစားအစာလေးတွေကို မှီဝဲစားသောက်ပေးဖို့ လိုအပ်မှာပါနော်။

ဒီအစားအစာလေးတွေကတော့ …

?ဖရဲသီး - ဖရဲသီးက ရေဓာတ်ပြည့်ဝတာကြောင့် ပူပြင်းနေချိန်မှာ ရေဆာရေငတ် ပြေစေနိုင်သလို ကိုယ်တွင်းမှာ လုံလောက်တဲ့ ရေဓာတ် ရရှိစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် နွေပူပူမှာ ဖရဲသီး စားပေးပါလို့ ဆိုတာပါ။

?သခွားမွှေး - ချိုချိုမွှေးမွေးလေးနဲ့ သခွားမွှေးကလည်း ပူပြင်းနေချိန်မှာ အရည်ဓာတ်တွေကို ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်စိတ် နှစ်စိတ်လောက် စားပေးလို့ ရပါတယ်။

?စတော်ဘယ်ရီ - စတော်ဘယ်ရီက အနံ့အရသာနဲ့ ပြည့်စုံသလို နွေပူနေချိန်မှာ ကိုယ်တွင်းရေဓာတ် ပြည့်စေဖို့လည်း ထောက်ကူပေးပါတယ်။

?လိမ္မော်သီး - အပူဒဏ်ကြောင့် ငြီးစီစီ ဖြစ်တာကို သက်သာစေသလို ရေဓာတ်လည်း ဖြည့်ပေးနိုင်ပါတယ်။ ပျားလိမ္မော်ထက် ရိုးရိုး လိမ္မော်သီးက ပိုအဆင်ပြေပါတယ်။

?ဓာတ်ဆားဖျော်ရည် - ဓာတ်ဆားရည်တွေက ကိုယ်တွင်းမှာ လိုအပ်တဲ့ ရေဓာတ်ကိုရော ဓာတ်ဆားဓာတ်ကိုပါ ဖြည့်ပေးနိုင်ပါတယ်။

?ဒိန်ချဉ် - ဒိန်ချဉ်ဆိုရာမှာ အချိုမဖြည့်ထားတာမျိုးကို ဆိုလိုတာပါ။ သူကလည်း ရေဓာတ်ပြည့်စေဖို့ရော ဓာတ်ဆားဓာတ် ပြည့်စေဖို့ပါ ထောက်ကူပေးမှာပါ။

?သခွားသီး - ရေဓာတ် ၉၀ % ကျော်ပါနေတဲ့ သခွားသီးကလည်း ရေဓာတ်ကောင်းကောင်း ဖြည့်ပေးနိုင်မှာပါ။

?ခရမ်းချဉ်သီး - ခရမ်းချဉ်သီးကလည်း ရေဓာတ်ကြွယ်ဝပြီး ကိုယ်တွင်းရေဓာတ် ပြည့်ဝစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးမှုမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်ဖို့ ဒီအစားအစာလေးတွေကို မကြာခဏစားပေးဖို့ တိုက်တွန်းလိုက်ပါရစေနော်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!