နွားနို့တော့ မသောက်ချင်ဘူး ကယ်လ်ဆီယမ် ပြည့်ဝချင်တယ်
အထွေထွေ

နွားနို့တော့ မသောက်ချင်ဘူး ကယ်လ်ဆီယမ် ပြည့်ဝချင်တယ်

Admin

📅 26.10.2024
ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေတယ်။ သွားတွေကို ကြံ့ခိုင်စေတယ်ဆိုတာကို တော်တော်များများက သိထားပြီး ဖြစ်မှာပါ။ နောက်တစ်ခုက ကယ်လ်ဆီယမ် ပြည့်ဝမှု မရှိဘူးဆိုရင် အရွယ်ရောက်လာချိန်မှာ အရိုးပါးတာ၊ အရိုးပွတာမျိုးတွေ ဖြစ်နိုင်ခြေ များတာမျိုး ဖြစ်လာနိုင်ပါတယ်။  ကယ်လ်ဆီယမ်ပြည်ဝအောင်နေပါဆိုရင် အရင်ဆုံးပြေးမြင်မိတာက နွားနို့ဟုတ်။ ကယ်လ်ဆီယမ်တော့ ပြည့်ဝချင်ပါတယ်။ ဒါပေမယ့် နွားနို့တော့ မသောက်ချင်ဘူးဆိုတဲ့သူတွေ အတွက် အခုတစ်ခေါက်မှာ ကယ်လ်ဆီယမ် ပြည့်ဝစေမယ့် သက်သတ်လွတ် အာဟာရ အရင်းအမြစ်လေးတွေကို ပြောပြပေးသွားချင် ပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကယ်လ်ဆီယမ် ပြည့်ဝစေမယ့် သဘာဝ အရင်းအမြစ်များ ကယ်လ်ဆီယမ် ပြည့်ဝချင်တယ် နွားနို့ မသောက်ချင်ဘူးဆိုရင်တော့ အခုပြောပြမယ့် အစားအစာလေးတွေကို နေ့စဉ်စားသုံးမှုမှာ အဆင်ပြေသလို ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။ 
  • အယ်လ်မွန်စေ့
အယ်လ်မွန်စေ့က ကယ်လ်ဆီယမ်ကြွယ်ဝသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓာတ်၊ ပရိုတင်းတို့ ပါဝင်နေတာကြောင့် အရိုးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
  • ချိုင်ယာစေ့
ဝိတ်ကျစေဖို့ ထောက်ကူပေးတယ်လို့ လူသိများတဲ့ ချိုင်ယာစေ့က ကယ်လ်ဆီယမ်ပြည့်ဝစေတာကြောင့် အရိုးတွေ ကျန်းမာစေဖို့ တစ်နေ့ကို လက်ဖက်စားဇွန်း ၂ ဇွန်းစားပေးရင်ကို လုံလောက်ပါတယ်။
  • ကိုက်လန်
အစိမ်းရောင် ဟင်းရွက်တစ်မျိုးဖြစ်တဲ့ ကိုက်လန်ကလည်း ကယ်လိဆီယမ် ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • ပဲပြား
ပဲပြားစားပေးတာကလည်း ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ် ပြည့်ဝစေပြီး အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးမှာပါ။
  • ပန်းပွင့်စိမ်း
ပန်းဂေါ်ဖီစိမ်းက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးသလို အာဟာရဓာတ်များစွာနဲ့ ကယ်လ်ဆီယမ် ကြွယ်ဝမှုက အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
  • နှမ်း
နမ်းစေ့လှော်ကို တစ်နေ့ လက်ဖက်စားဇွန်း ၁ ဇွန်း စားပေးတာက ကယ်လ်ဆီယမ် ပြည့်ဝစေပြီး အရိုးတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ အခုပြောခဲ့တာလေးတွေက နွားနို့ မဟုတ်ဘဲ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ ထောက်ကူပေးမယ့် ရိုးရှင်းတဲ့ စားသောက်ဖွယ်ရာလေးတွေပါ။ နှစ်သက်ရာလေးကို စားပြီး ကယ်လ်ဆီယမ်ပြည့်ဝလို့ အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ အခုပဲ စဂရုစိုက်လိုက်တော့နော်။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!