ပူရင် အိပ်ရခက်တာ သက်ရှိတိုင်းလိုလို ခံစားရတာပါ။ ဒီလို နေပူတာကြောင့် အိပ်ရေးပျက်ညတွေ များလာတဲ့အခါ ခေါင်းကိုက်တာ၊ ခေါင်းမကြည်တာတွေက နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းချိန်မှာ အိပ်မပျော်တာမျိုး မဖြစ်ဘဲ သက်သာစေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
နေ့လယ်ခင်းမှာ အိမ်ခန်းထဲကို နေရောင်ဝင်ရောက်မှု နည်းနိုင်သမျှနည်းအောင် လုပ်ပါ
နေ့လယ်ခင်းမှာ မလိုတဲ့ အခန်းတံခါးတွေကို ပိတ်ထားတာ၊ ရေချိုးခန်း၊ အိမ်သာနဲ့ စတိုခန်းလို အခန်းတွေရဲက တံခါးတွေကို ပိတ်ထားတာက အိမ်ထဲကို မလိုအပ်ဘဲ အပူတွေ ဝင်ရောက်မှုကို လျှော့ချရာရောက်ပါတယ်။ ဒါကြောင့် ညဘက်မှာ အိမ်ထဲမှာ ပူလောင်နေတာကြောင့် အိပ်မပျော်တာမျိုး မဖြစ်စေဖို့ ဒီအချက်လေးကို ဂရုစိုက်ပေးပါ။
✅အခန်းထဲမှာ လျှပ်စစ်ပစ္စည်းတွေ မထားပါနဲ့
အိပ်မယ့်နေရာ အနီးအနားမှာ တတ်နိုင်သမျှ လျှပ်စစ်ပစ္စည်းတွေကို မထားပါနဲ့။ ဒီလို ထားတာက အပူရှိန် မြင့်စေပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်စေနိုင်ပါတယ်။
✅ရေများများ သောက်ပါ
ရေများများ သောက်တာက ကိုယ်တွင်းအပူချိန်ကို ကျဆင်းစေပြီး ညဘက်တွေမှာ ပူလောင်အိုက်စက်မှုကြောင့် အိပ်မပျော်တာကို အတိုင်းအတာ တစ်ခုအထိ သက်သာစေမှာပါ။ ဒါကြောင့် တစ်နေ့တာမှာ ရေ လုံလောက်အောင် သောက်ပေးပါ။
✅ချည်သားပွပွချောင်ချောင်လေး ဝတ်အိပ်ပါ
ညဘက်အိပ်တဲ့အခါ ထူထဲပြီး တင်းကြပ်တဲ့ အဝတ်အစားတွေက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်တာကြောင့် ချည်သားပွပွချောင်ချောင်လေး ဝတ်အိပ်ပေးပါ။ ဒီလို အိပ်တာက လေဝင်လေထွက် ကောင်းစေပြီး ကောင်းကောင်း အိပ်ပျော်စေမှာပါ။
✅ပြတင်းပေါက်တွေကို ဖွင့်ထားပါ
နေ့ခင်းဘက်မှာ ပြတင်းတံခါးတွေကို ပိတ်ထားသင့်တယ် ဆိုပေမယ့် ညနေ နေဝင်ချိန်မှာတော့ လေဝင်စေဖို့ ဖွက့်ထားပေးပါ။ အိပ်ခါနီးမှ ပြန်ပိတ်လိုက်တာမျိုး လုပ်ပေးတာကလည်း ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။
✅အိပ်ခါနီး အစားမစားပါနဲ့
အိပ်ခါနီးလေးမှ ကပ်ပြီး အစားစားတာက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေပြီး ကောင်းကောင်းအိပ်ပျော်ဖို့ ခက်စေမှာပါ။ အိပ်ချိန်နဲ့ ၄ နာရီလောက်အကွာမှာ ညနေစာကို စားပေးပါ။
✅အရက်မသောက်ပါနဲ့
အရက်သောက်တာကလည်း ကိုယ်အပူချိန်ကို မြင့်တက်စေပြီး ပူပြင်းတဲ့ ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်စေပါတယ်။ ဒါကြောင့် အရက်သောက်တာမျိုးကို ရှောင်ပါ။
✅ရေခဲရေဘူးလေး အနားထား အိပ်ပါ
အခဲခံထားတဲ့ ရေခဲရေဘူး။ ဒါမှမဟုတ် အအေးခံထားတဲ့ ရေခဲရေဘူးလေးကို အိပ်ရာ ခေါင်းရင်း ဒါမှမဟုတ် ဘေးဘက်မှာ ထားအိပ်တာကလည်း အေးမြစေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ရစေနိုင်ပါတယ်။
ဒီနည်းလမ်းလေးတွေ သုံးလို့ ပူပြင်းတဲ့ နွေလယ်ညတွေကို ကျော်ဖြတ်လိုက်ပါ။
အထွေထွေ
ပူလွန်းလို့ အိပ်မပျော်ရင် ဒါတွေလုပ်ပါ
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!