ဖျားတိုင်းသောက်တဲ့ ပါရာစီတမောကို လိုအပ်မှသာ သောက်ပါ
အထွေထွေ

ဖျားတိုင်းသောက်တဲ့ ပါရာစီတမောကို လိုအပ်မှသာ သောက်ပါ

Admin

📅 06.01.2025
ပါရာစီတမော အလွန်အကျွံသောက်သုံးတာက အစာအိမ်အူလမ်းကြောင်း၊ နှလုံးသွေးကြောဆိုင်ရာပြဿနာနဲ့ ကျောက်ကပ်ထိခိုက်တာတွေ ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရ
ပါရာစီတမောဆိုတာက အိမ်တိုင်းလိုလိုမှာ အလွယ်တကူ ဆောင်ထားတတ်ကြတဲ့ OTC ဆေးတစ်မျိုးပေါ့။ ဆေးစာမလိုသလို လိုသလို ဝယ်ယူလို့ ရနေတာကြောင့်လည်း ပါပါတယ်။ နောက်တစ်ချက်က ခေါင်းကိုက်တာ၊ သွားကိုက်တာကစလို့ ဖျားတာနာတာနဲ့ အခြားခြားသော အသေးစား ဖျားနာမှုတွေကို သက်သာစေဖို့ ပါရာစီတမောကို သောက်ကြပါတယ်။ ပါရာစီတမောကို ကာလရှည်ကြာ သောက်သုံးခဲ့ကြသူတွေမှာ ဘယ်လိုကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်လဲ ဆိုတာကို သိရှိနိုင်စေဖို့အတွက် အသက် ၆၅ နှစ် ကနေ ၇၅ နှစ်အတွင်း လူကြီးတွေကို လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။  လေ့လာမှုအရ သိရတာက အကိုက်အခဲပျောက်စေဖို့ရော အဖျားကျစေဖို့ပါ အလွယ်တကူသောက်ကြတဲ့ ပါရာစီတမောက လိုတာထက်ပိုသောက်တာ၊ ကာလကြာရှည်စွာ သောက်သုံးတာက အစာအိမ်အနာဖြစ်စေတာနဲ့ နှလုံးသွေးကြောတွေကို ထိခိုက်စေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ နောက်ထပ် ဖြစ်စေနိုင်တာကတော့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တာပါ။  ပါရာစီတမောကို အချိန်ကြာမြင့်စွာ စွဲသောက်တာက အစာအိမ်အူလမ်းကြောင်းပြဿနာအပြင် နှလုံးထိခိုက်တာ၊ သွေးတိုးရောဂါ၊ နာတာရှည် ကျောက်ကပ်ပျက်စီးတာတို့ကို ခံစားရနိုင်ပါတယ်။ ပါရာစီတမောကို အချိန်ကြာမြင့်စွာနဲ့ ဆေးပမာဏကို လိုတာထက် ပိုသောက်မိမယ်ဆိုရင် နောက်ထပ်ဖြစ်နိုင်သေးတာကတော့  အသည်း အဆိပ်အတောက် ဖြစ်တာ၊ အသည်း စွမ်းဆောင်ရည်ကျဆင်းတာနဲ့ အသည်းပျက်စီးတာတွေပါ။  ဒီအခြေအနေတွေက ဆေးအလွန်အကျွံ ကာလရှည်ကြာစွဲသောက်သူတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် ရောဂါအခံရှိတဲ့သူတွေမှာ ပိုခံစားရနိုင်ပါတယ်။ ဒါကြောင့် ဖျားနာချိန်နဲ့ နာကျင်ကိုက်ခဲ ချိန်တွေမှာ ပါရာစီတမောကို သောက်ရမယ်ဆိုပေမယ့် လိုတာထက် ပိုသောက်တာ၊ မလိုအပ်ဘဲ ဆေးသောက်တာမျိုးနဲ့  ရေရှည်စွဲသောက်တာမျိုး မလုပ်ဖို့ အကြံပြုလိုက်ပါရစေ။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း ပါရာစီတမောအပါအဝင် ဆေးအမျိုးမျိုးကို မလိုအပ်ဘဲ သောက်သုံးတာမျိုး မလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ လိုပါမယ်။ 
လိုတိုရှင်းရဲ့ စကားလက်ဆောင် ဖျားနာတာတွေ ဖြစ်တဲ့အခါ ဆေးသောက်ဖို့လိုမယ်ဆိုပေမယ့် ပါရာစီတမောကို သောက်မယ်ဆိုရင် ဆေးကို ဆေးပတ်လည်အောင်သောက်ဖို့ လိုပါမယ်။ နောက်တစ်ချက်ကတော့ ဆေးကို လိုအပ်မှ သောက်ပါ။ ဆေးကို အချိန်ကြာမြင့်စွာ စွဲသောက်တာမျိုး မလုပ်ပါနဲ့။ ဆေးတွေက ရောဂါသက်သာစေဖို့ ထုတ်ထားတာ ဆိုပေမယ့် ပြင်ဆင်စီမံထားတဲ့ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဆေးတစ်ခုကို သောက်ခါနီးတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတာကို သတိရဖို့ လိုပါမယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!