ဗီတာမင် A (Vitamin A) ဆိုတာ
ဗီတာမင် A ဆိုတာက အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်သလို အမြင်အာရုံ၊ ဆဲလ်တွေ ကြီးထွားဖို့နဲ့ ကိုယ်ခံအားလုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ မျိုးဆက်ပွားကျန်းမာရေး ကောင်းစေဖို့အတွက် ထောက်ကူပေး နိုင်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဗီတာမင် A ကို တိရစ္ဆာန်တွေကနေ ရရှိစေနိုင်တဲ့ (retinoids) ဆိုတဲ့ ပုံစံနဲ့ အပင်တွေကနေ ရရှိနိုင်တဲ့ Provitamin A carotenoids ဆိုပြီး ပုံစံ နှစ်မျိုးနဲ့ တွေ့ရနိုင်ပါတယ်။ ဗီတာမင် A က ပြည့်ဝဖို့ လိုတဲ့ ဗီတာမင် တစ်မျိုး ဖြစ်ပြီး ဗီတာမင် A မပြည့်ဝဘူးဆိုရင် အရေပြားပြဿနာ၊ ကိုယ်ခံအား ကျဆင်းတာ၊ အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ https://lotoshinnlifestyle.com/about-vitamin-c/ဗီတာမင် A အခန်းကဏ္ဍ
ဗီတာမင် A က ခန္ဓာကိုယ်အတွက် အခုလို အခန်းကဏ္ဍကနေ ပါဝင် လုပ်ဆောင်ပေးနေပါတယ်။- အမြင်အာရုံ
- ကိုယ်ခံအားစနစ်
- ဆဲလ်တွေကြီးထွားစေတယ်
- အရေပြား
- ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေတယ်
ဗီတာမင် A အာဟာရ အရင်းအမြစ်များ
တိရစ္ဆာန်တွေဆီကနေ ရရှိနိုင်တဲ့ အရင်းအမြစ်များ- အသည်း
- ဥအမျိုးမျိုး
- နို့ထွက်ပစ္စည်း
- ငါး စတာတွေပါ။
- မုန်လာဥနီ
- ကန်စွန်းဥ
- ကိုက်လန်
- ဟင်းနုနွယ်
- သခွားမွှေး
- တရုတ်ဆီးသီးစတာတွေကနေ ရရှိနိုင်ပါတယ်။
ဗီတာမင် A ပြည့်ဝခြင်း ကောင်းကျိုးများ
ခန္ဓာကိုယ်မှာ ဗီတာမင် A ပြည့်ဝနေမယ်ဆိုရင် ဗီတာမင် A ချို့တဲ့မှုကြောင့် ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေ၊ အမြင်အာရုံ ထိခိုက်တာ၊ အားနည်းတာနဲ့ ကိုယ်ခံအား အားနည်းတာမျိုးတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်သလို အချို့သော ကင်ဆာတွေ ဖြစ်နိုင်ခြေကိုလည်း အတိုင်းအတာ တစ်ရပ်အထိ လျှော့ချနိုင်မှာပါ။ဗီတာမင် A လွန်ကဲမယ်ဆိုရင်
ဗီတာမင် A က ကောင်းကျိုးများတယ်ဆိုပေမယ့် လိုတာထက် ပိုပြီး စားသုံးမိတာမျိုး ဖြစ်မယ်ဆိုရင် ဗီတာမင် A အဆိပ်သင့်တာကို ခံစားရနိုင်ပါတယ်။ဗီတာမင် A ချို့တဲ့မှု အတိုင်းအတာ
ဗီတာမင် A ချို့တဲ့မှုက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဖြစ်ခဲပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အထူးသဖြင့် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ဗီတာမင် A လိုအပ်မှု အတိုင်းအတာ
ဗီတာမင် A လိုအပ်မှုက အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ခန္ဓာကိုယ် အလေးချိန်၊ စားသောက်မှုပုံစံတွေ အပေါ်လိုက်ပြီး တစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။Lotoshinn ရဲ့ စကားလက်ဆောင် ဗီတာမင် A က ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးစေဖို့ အရေးပါတဲ့ ဗီတာမင် တစ်ရပ် ဖြစ်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားသုံးဖို့လိုပါမယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ပြည့်မီစေဖို့ စားသုံးပေးသင့်သလို အစားရွေးတာမျိုး ဗီတာမင် A ပါတဲ့ အစားအစာတွေကို မစားဖြစ်တာမျိုး၊ မကြိုက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး တိုင်ပင်ပြီး ဖြည့်စွက်အာဟာရ မှီဝဲဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!