ဦးနှောက်သွေးကြောပြတ်တယ်ပြောလိုက်ရင် လူတော်တော်များများဆီက တုံ့ပြန်ထွက်လာတဲ့အဖြေက ပူလို့လေ၊ နွေကလည်း ပူလွန်းတာကိုး ဆိုတာပါ။ တကယ်ပဲ နွေပူလို့ ဦးနှောက် သွေးကြောပြတ်တာလား? အခြားဘယ်လို အကြောင်းတွေကြောင့် ဦးနှောက်သွေးကြော ပြတ်နိုင်ပါသေးလဲ? ဆိုတာ အတူတူလေ့လာလိုက်စို့နော်။
?နွေပူလို့ ဦးနှောက်သွေးကြောပြတ်တာလား?
ဦးနှောက်သွေးကြော ပြတ်တာက နွေပူတာကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ နွေနေပူရုံနဲ့တော့ ဦးနှောက်သွေးကြော မပြတ်နိုင်ပါဘူး။ ဦးနှောက်သွေးကြော ပြတ်စေတာက အပူဒဏ်ကို အခြားသော အကြောင်းအရာတွေက အားဖြည့်ပေးလိုက်တာကြောင့်ပေါ့။
ဦးနှောက်သွေးကြောပြတ်ရတာက ဦးနှောက်ထဲက သွေးကြောတွေထဲမှာ သွေးတိုးပြီး ပြင်းထန်မှုအရှိန်ကြောင့် ဦးနှောက်ထဲက သွေးကြော ပေါက်သွားတာပါ။ နွေရာသီမှာ ဦးနှောက်သွေးကြောပြတ်ရတာက အပူဒဏ်နဲ့ အခုလိုမျိုး အခြားအကြောင်းရင်းခံတွေ ဖြစ်ကြတဲ့ ရောဂါအခံ တစ်ခုခု ရှိနေတာ၊ ဒီရောဂါကို လုံလောက်တဲ့ ကုသမှု ခံယူတာမျိုးလည်း မရှိဘူး။ စားသောက်ပုံကလည်း ကျန်းမာရေးနဲ့ ညီညွတ်တာမျိုး မရှိဘူး။ ကိုယ်လက်လှုပ်ရှားမှုကလည်း နည်းနေမယ်။ အရင်တွေ မူးယစ်ဆေးဝါးတွေလည်း အသုံးပြုနေမယ်ဆိုရင်တော့ နွေရာသီမှာ ဦးနှောက်သွေးကြောပြတ်တာကို ခံစားရမှာပါ။
ဦးနှောက်သွေးကြောပေါက်တာက အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။ ဥပမာ နွေပူပူမှာ သင်္ကြန်ဆိုပြီး အကြိုက်သောက်မယ်။ နဂိုကလည်း သွေးတိုးလိုမျိုး ရောဂါအခံ ရှိမယ်ဆိုရင်တော့ ဦးနှောက်သွေးကြောပြတ်တာကို ခံစားရနိုင်ခြေ များမှာပါ။
ဒါကြောင့် သင်္ကြန်မှာ ဦးနှောက်သွေးကြောပြတ်တာမျိုး မဖြစ်စေဖို့ဆိုရင် ကိုယ်အပူချိန် မြင့်တက်စေနိုင်မယ့် စားသောက်နေထိုင်မှုပုံစံတွေကို ရှောင်ပါ။ အရက်နဲ့ မူးယစ်ဆေး သုံးစွဲတာကို ရှောင်ပါ။ သွေးပေါင်ချိန်ကို သေချာလေး ဂရုစိုက်ပါ။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
ဒီအခြေအနေကို ဘယ်သူတွေ ပိုသတိထားဖို့ လိုမလဲဆိုရင် သွေးတိုးရောဂါအခံ ရှိတဲ့သူတွေ၊ နေပူကျဲတဲမှာ တစ်ချိန်လုံး အလုပ်လုပ်နေရတဲ့သူတွေ၊ အရက်သောက်တတ်သူတွေ၊ မူးယစ်ဆေးဝါး သုံးစွဲတတ်သူတွေ၊ အသက် ၅၀ ကျော်နေတဲ့ လူကြီးတွေ၊ ရောဂါတစ်ခုခုကြောင့် ဆေးပုံမှန် သောက်နေရသူတွေ၊ အဝလွန်နေသူတွေ၊ ဆီးချိုရောဂါ နှလုံးရောဂါလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ ရှိသူတွေအနေနဲ့ သေချာလေး ဂရုစိုက်ဖို့ ပြောပါရစေ။
?ကာကွယ်လို့ရမလား?
ကာကွယ်လို့ ရမလားဆိုတော့ အပူဒဏ်ကြောင့် ဦးနှောက်သွေးကြော မပြတ်စေဖို့ဆိုရင် ရေများများသောက်ပါ။ သဘာဝစစ်စစ် အသီးဖျော်ရည်တွေ သောက်ပါ။ အချိုရည်တွေ အရက်တွေ မသောက်ပါနဲ့။ နေပူထဲ တစ်ချိန်လုံး မထွက်ပါနဲ့။ နားနားနေနေနေပါ။
သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။ ပြင်းပြင်းထန်ထန်တော့ မလုပ်ပါနဲ့။ အပြင်သွားတိုင်း ဦးထုပ်ဆောင်းပါ။ ထီးဆောင်းပါ။ အိပ်ရေးဝဝအိပ်ပါ။ အပြင်က ပြန်လာချိန်မှာ ရေခဲရေ အေးလွန်းတာမျိုး သောက်တာ၊ ခြေလက်ဆေးတာမျိုးတွေ ချက်ချင်းလုပ်တာမျိုးကို ရှောင်ပါ။
အထွေထွေ
ဘယ်လိုအကြောင်းအရင်းတွေက ဦးနှောက်သွေးကြောပြတ်စေဖို့ တွန်းအားပေးနေသလဲ
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!