ဘလူးဘယ်ရီ စားပေးရင်
အထွေထွေ

ဘလူးဘယ်ရီ စားပေးရင်

Admin

📅
ဘလူးဘယ်ရီသီးလေး တွေက အမြင်လှသလို စားရင်လည်း အရသာရှိပါတယ်။ သူ့ရဲ့ အရည်အချင်းက ဒီလောက်နဲ့ပဲ ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ ရှိနေပါသေးတယ်။ ဘလူးဘယ်ရီသီး ကနေ ရရှိမယ့် အာဟာရဓာတ်တွေ စားရတာ အရသာရှိတဲ့ ဘလူးဘယ်ရီသီးလေး မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ဗီတာမင် C ဗီတာမင် K ဗီတာမင် A ဗီတာမင် E ဖောလိတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း မဂ္ဂနိစ် မဂ္ဂနီဆီယမ် Niacin သံဓာတ် ကယ်လ်ဆီယမ် အခြားအာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင် စားလို့ကောင်းတဲ့ ဘလူးဘယ်ရီသီးတွေက ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။ ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင် တွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ Anthocyanins လို့ခေါ်တဲ့ ဖလေဗာနွိုက် ပါဝင်တာကြောင့် သွေးချိုကျစေနိုင်ပြီး ဆီးချိုသမားတွေ အတွက် သင့်တော်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။ သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေ နိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကင်ဆာ ကာကွယ်ပေးပါတယ်။ ဝက်ခြံ သက်သာစေနိုင်တယ်။ အသားအရေကို ကြည်လင်စေနိုင်တယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ကာကွယ်ပေးတယ်။ ဆံသားကို ကျန်းမာသန်စွမ်း စေတယ်။ အရွယ်မတိုင်ခင် ဆံပင်မဖြူအောင် ကာကွယ်ပေးတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ် ကျန်းမာစေနိုင်တယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ဝိတ်ကျစေနိုင်တယ်။ ဆံချည်မျှင် သွေးကြောလေးတွေကို ကျန်းမာစေနိုင်တယ်။ နှလုံး ကျန်းမာစေနိုင်တယ်။ ကြွက်သားတွေကို ကျန်းမာစေနိုင်တယ်။ ဘလူးဘယ်ရီသီးကို အသီးအတိုင်း စားပေးလို့ရသလို ဒိန်ချဉ်နဲ့ တွဲဖက်ပြီးလည်း စားလို့ရပါတယ်။ ဆံသား အတွက်ကတော့ သံလွင်ဆီနဲ့ ရောစပ်ပြီး ခေါင်းမလျှော်ခင် နာရီဝက်လောက် ပေါင်းတင်ပေးရုံပါ။ တစ်နေ့ကို ဘလူးဘယ်ရီ တစ်ခွက်စာ ပုံမှန်စားသုံးပေးမယ်ဆိုရင် ခေါင်းအစခြေအဆုံး လှပမှုနဲ့ ရောဂါကင်းပြီးကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်နိုင်မှာပါ။ ကဲ … ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေး အာနိသင်တွေကို သိပြီဆိုတော့ သင့်တော်သလို စားသုံးပေးလို့ ရပြီပေါ့။ သတိထားရမယ့် အချက်တွေ ဘလူးဘယ်ရီသီးက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့် အများကြီး မစားမိဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးဖို့ အကြံပြုချင်ပါတယ်။ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး အခြေအနေတွေကြောင့် ဆေးသောက်နေရသူတွေအနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။ ဘလူးဘယ်ရီသီး နဲ့ ကျန်းမာရေးအတွက် ဘလူးဘယ်ရီသီးတွေက ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။ သွေးချို ကျစေနိုင်တယ် ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေနိုင်တယ်။ သွေးတွင်း ကိုလက်စထရော ကျဆင်းစေ နိုင်ပါတယ်။ ကင်ဆာ ကာကွယ်ပေးပါတယ်။ ဝက်ခြံ သက်သာစေနိုင်တယ်။ အသားအရေ ကြည်လင်စေနိုင်တယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ကာကွယ်ပေးတယ်။ ဆံသား ကျန်းမာသန်စွမ်း စေတယ်။ အရွယ်မတိုင်ခင် ဆံပင်မဖြူအောင် ကာကွယ်ပေးတယ်။ အစာခြေစနစ် ကျန်းမာစေနိုင်တယ်။ ဝိတ်ကျစေနိုင်တယ်။ ဆံချည်မျှင် သွေးကြောလေးတွေကို ကျန်းမာစေနိုင်တယ်။ နှလုံး ကျန်းမာစေနိုင်တယ်။ ကြွက်သားတွေကို ကျန်းမာစေနိုင်တယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!