အစားအသောက်တွေက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ထောက်ကူပေးရဲ့လား…..
ဒီမေးခွန်းလေးကို အတိုဆုံးနဲ့ အမြန်ဆုံးဖြေပေးရမယ်ဆိုရင်တော့ ‘Yes’ လို့ပဲ ဖြေရပါမယ်။ ဦးနှောက်ဖွံ့ဖြိုးမှုဆိုတာက စိတ်ကျန်းမာရေးနဲ့ သိမြင်မှုစွမ်းရည် ဖွံ့ဖြိုးစေဖို့အတွက် အခြေခံအကျဆုံး အုတ်မြစ်တစ်ခုပါ။ ကလေးတွေအတွက် ကောင်းကောင်းဖွံ့ဖြိုးစေဖို့ဆိုရင် ငယ်စဉ်ကာလကတည်းက ကလေးရဲ့ နေ့စဉ် စားသုံးမှုထဲမှာ ဦးနှောက်ရဲ့ဆဲလ်လေးတွေ ကောင်းမွန်စွာဖွံ့ဖြိုးစေဖို့တဲ့ သိမြင်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေဖို့ လိုအပ်မယ့် DHA၊သံဓာတ်၊ choline၊ ARA၊ ဗီတာမင် B၊ အိုင်အိုဒင်းနဲ့ ပရိုတင်းတို့လိုမျိုး အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေကို ဘယ်အစားအစာလေးတွေကနေ ဖောဖောသီသီရနိုင်လဲဆိုတာလေးကို ဆက်ပြီးပြောပြပေးမယ်နော်။ https://lotoshinnlifestyle.com/how-to-know-child-is-hyperactive-or-not/ဘေဘီလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ပြင်ဆင်ပေးသင့်တာလေးများ
ဘေဘီလေးကို ဉာဏ်ကောင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက်ဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ အခုလို အစားအသောက်လေးတွေကို ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။- ဥအမျိုးမျိုး
- အကျိုးပြုဆီများတဲ့ ငါးတွေ
- အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ
- နို့နဲ့ နို့ထွက်ပစ္စည်းများ
Lotoshinn ရဲ့ စကားလက်ဆောင် ဘေဘီလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး စိတ်ခံစားမှုကောင်းတဲ့ ကလေးလေးတစ်ယောက် အနေနဲ့ ပျိုးထောင်ချင်တယ်ဆိုရင် နေ့စဉ်ဘဝရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို သေချာလေး ဂရုစိုက်ပေးဖို့ အရေးကြီးသလို အပြုအမူပိုင်းဆိုင်ရာမှာလည်း ပျိုးထောင်ပေးဖို့ လိုမှာပါ။ အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအချိန်လေးကို ဖန်တီးပေးနိုင်မယ်ဆိုရင် ထူးချွန်ထက်မြက်တဲ့ ဘေဘီလေးတွေ အဖြစ်အရွယ်ရောက် ကြီးပြင်းလာမှာပါ မေမေဖေဖေတို့ရေ ……….
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!