မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ
အထွေထွေ

မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ

Admin

📅 27.05.2024
ဝဿန်မိုးက တဖွဲဖွဲရော တသဲသဲရော နေ့စဉ်ရက်ဆက် အမျိုးမျိုးအဖုံဖုံ စတင်ရွာချနေပါပြီ။ မိုးရေစက်တို့နဲ့အတူ နှစ်လိုဖွယ်ရာ မိုးစက် မိုးပေါက်ကျသံလေးတွေ၊ မိုးနံ့သင်းသင်းလေး နဲ့ မြေသင်းနံ့လေးတွေ ရလာပါပြီ။ မိုးရာသီကို စတင်ချဉ်းနင်းဝင်ရောက်လာပြီဆိုတဲ့ သဘောပေါ့။ မိုးရာသီရဲ့ မိုးစက်မိုးပေါက်ကျသံလေးတွေက လူ့စိတ်ကို လန်းဆန်း စေတယ်လို့ အဆိုရှိပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ မိုးရာသီမှာ ခပ်သင်းသင်းလေး လွင့်ပျံနေတတ်တဲ့ မိုးရနံ့သင်းသင်းလေး ကလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာပျော်ရွှင်စေဖို့ အထောက်အကူ ပြုပေးပါသေးတယ်တဲ့။ ကဲ မထူးဆန်းဘူးလား။

မိုးနံ့သင်းသင်းလေး က ပေးတဲ့ တခြားကျန်းမာရေး ကောင်းကျိုးလေးတွေကတော့

တကယ်တော့ မိုးရနံ့ သင်းသင်းလေး နဲ့ မိုးစက်မိုးပေါက်လေးတွေက ဦးနှောက်ရဲ့ ခံစားမှု အပိုင်းကိုရော မှတ်ဉာဏ် ထိန်းသိမ်းမှု အပိုင်းကိုပါ ကောင်းကျိုးတွေ ပေးနိုင်စွမ်းရှိပါတယ်။ ဒါတင်မကသေးပါဘူး။ တဖွဲဖွဲရွာချနေတဲ့ မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့ သင်းသင်းလေးတွေက ရှူသွင်းလိုက်တဲ့ လေတွေကို သန့်စင်စေလို့ အဆုတ်ကို ကျန်းမာစေတယ် - လေထုတွေက ခြောက်သွေ့တဲ့ ရာသီကာလ မှာဆိုရင် ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေကြောင့် ညစ်ညမ်း နေနိုင်ပါတယ်။ မိုးရာသီ မှာတော့ ဒီလို မဟုတ်ဘဲ ပတ်ဝန်းကျင်က အေးမြ နေသလို လေထု ကလည်း လတ်ဆတ်နေတတ်လို့ အဆုတ်ကျန်းမာဖို့ အထောက်အကူဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေတယ် - မိုးရာသီရဲ့ ရနံ့လေးက စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေတယ် - မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့သင်းသင်းလေး က ဆင်ခြင် တွေးတောနိုင်စွမ်း နဲ့ နားလည်နိုင်စွမ်းကို တိုးတက်စေပြီး ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်စေသလို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေတယ် - မိုးကာလမှာ လေထုက လတ်ဆတ်သလို အစိုဓာတ် ပါဝင်မှုကလည်း များပါတယ်။ ဒီလို အစိုဓာတ် ပါဝင်နေမှုကပဲ အသားအရေကို အစိုဓာတ် ထိန်းပေးပြီး ခြောက်သွေ့မှု ကင်းစေလို့ အရေပြား ကျန်းမာစေမှာပါ။ လေထုထဲမှာ ပါတဲ့ အရေပြားကို ထိခိုက် စေနိုင်တဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံး ဖယ်ရှား ပေးနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းစေတယ် - မိုးရာသီရဲ့ အေးမြမှု နဲ့ မိုးနံ့ သင်းသင်းလေးက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ ပြဿနာ ဖြေရှင်းနိုင်စွမ်းကို ကောင်းစေသလို စိတ်ကို ကြည်လင် စေနိုင်ပါတယ်။ ကယ်လ်လိုရီ လောင်ကျွမ်းစေနိုင်တယ် - ပူပြင်းတဲ့ ကာလတွေမှာ လေ့ကျင့်ခန်း မလုပ်ဖြစ်၊ ဟိုနား ဒီနား သွားတဲ့အခါ လမ်းမလျှောက် ဖြစ်ပေမယ့် မိုးကာလမှာ ရာသီဥတုက အေးတာကြောင့် လေ့ကျင့်ခန်း ပိုလုပ် ဖြစ်နိုင်သလို အနီးအနား သွားစရာကို လမ်းလျှောက် သွားတာ​ကြောင့် ကယ်လ်လိုရီ ပိုမို လောင်ကျွမ်း စေနိုင်ပါတယ်။ ကဲ..မိုးရာသီက စိုစိုစွတ်စွတ် ဖြစ်တယ်ဆိုပြီး စိတ်ညစ်မနေပါနဲ့။ အခုလို အကျိုးကျေးဇူးလေးတွေ ပေးတယ် ဆိုတာကိုလည်း သတိ ပြုစေချင်ပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!