ခေါင်းစဉ်ဖတ်ပြီး “မိုးတွင်းကြီး အေးကအေးနဲ့ ရေတွေ ဘာလို့ များများသောက်ရမှာလဲ” လို့ တွေးနေပြီလား။ ရေသောက်တယ်ဆိုတာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဆိုတာကို လူတိုင်းသိထားကြပေမယ့် နေ့စဉ်လိုအပ်ချက်ကို ပြည့်မှီအောင် လုံလုံလောက်လောက် ရေသောက်ဖြစ်ဖို့တော့ မေ့လျော့နေတတ်ကြတာများပါတယ်။
ခုလိုမျိုး နွေရဲ့ အပူချိန် လျှော့ကျလာပြီး မိုးလေး စရွာလာပြီဆိုရင် ရေသောက်နည်းလာကြတာ လူတိုင်းလိုလိုပါ။ ဒါပေမယ့် မိုးရာသီမှာလည်းပဲ နွေရာသီတုန်းကလိုပဲ ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် မထင်မှတ်ထားလောက်အောင် ကောင်းမွန်တဲ့ အကျိးကျေးဇူးတွေ ရရှိနိုင်တာကြောင့်ပါ။ စိတ်ဝင်စားစရာပဲနော်။
ကဲ ဒါဆိုရင်တော့ ခုလို အေးမြလှတဲ့ မိုးရာသီလေးမှာ ရေကို လုံလုံလောက်လောက် ပြည့်ပြည့်ဝဝသောက်ပေးတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာလေးကို ပြောပြပေးမယ်နော် …
၁။ ကိုယ်ခံအား ကောင်းစေတယ် - ခုလို မိုးရာသီမျိုးမှာ လူတိုင်း မကြာခဏ ဖျားနာနိုင်ပါတယ်။ ဒါကလည်း ကိုယ်ခံအား နည်းတာကြောင့်ပါ။ ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင်နေခြင်းက ကိုယ်ခံအားကို ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။
၂။ အရေပြားကျန်းမာပြီး အသားအရေလှပစေတယ် - မိုးရာသီမှာ ဝက်ခြံတွေ ထွက်တာက အသားအရေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာကြောင့် ဖြစ်နိုင်သလို ရေဓာတ် နည်းတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် မိုးရာသီမှာ အသားအရေ ကျန်းမာ လှပချင်တယ်ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။
၃။ ရောဂါအနာတရ နည်းစေတယ် - မိုးရာသီမှာ ရေဓာတ်ဆုံးရှုံးစေနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောတာမျိုး၊ အူရောင်ငန်းဖျားနဲ့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ သန့်ရှင်းတဲ့ သောက်သုံးရေကို သောက်သုံးဖို့ လိုပါမယ်။ ရေဓာတ် ပြည့်ဝနေတာက အစာခြေစနစ်ကိုရော ကိုယ်ခံအားစနစ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။
၄။ ဆံကေသာ ကျန်းမာသန်စွမ်းစေတယ် - စိုစိုစွတ်စွတ် ခုလိုရာသီဥတုမျိုးမှာ ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ကင်းဝေးချင်တယ်ဆိုရင်တော့ ရေများများ သောက်ပေးဖို့ လိုပါလိမ့်မယ်။ ရေဓာတ် ပြည့်ဝတာက ဦးရေပြား ကျန်းမာစေပြီး ဆံသားတွေကိုလည်း ကျန်းမာ သန်စွမ်းစေလို့ပါ။
၅။ ရေဓာတ်ခမ်းခြောက်မှု ကင်းစေတယ် - မိုးရာသီမှာ အပုရှိန် နည်းသွားပြီ ဆိုပေမယ့် လေထုထဲမှာ စိုထိုင်းဆကတော့ များနေဆဲပါ။ ဒီလို စိုထိုင်းဆ များတာက ချွေးထွက်များစေပြီး ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင် ရေများများ သောက်ပေးပါ။
၆။ ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေတယ် - သင်က ဝိတ်ကျဖို့ ရည်ရွယ်ထားတဲ့သူတစ်ယောက်ဆိုရင် ရေလုံလောက်အောင် သောက်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ရေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာကြောင့်ပါ။
၇။ အင်အားပြည့်ဝစေတယ် - ရေက ခန္ဓာကိုယ်တွင်းမှာ အင်အားပြည့်ဝစေဖို့ လုပ်ဆောင်ပေးပါတယ်။ အားအင်ပြည့်ဝစေဖို့ ရေသောက်ပေးတာ အပြင် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးလို့လည်း ရပါတယ်။
၈။ သွေးပေါင်ချိန် ထိန်းနိုင်စေတယ် - ရေဓာတ်နည်းနေတာက သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိချင်တယ်ဆိုရင် ရေများများ သောက်ပေးပါ။ မိုးအေးလည်း လုံလောက်တဲ့ ရေပမာဏ သောက်သုံးပေးမှသာ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်မှာပါ။
ကဲ ခုပြောပြပေးခဲ့တဲ့ အချက်လေးတွေကတော့ မိုးရာသီမှာ မိမိကိုယ်ကို ရေဓာတ်ပြည့်ဝအောင် ရေများများသောက်သုံးပေမယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးလေးတွေပါနော်။ ကိုယ်က ရေကို ပုံမှန်မသောက်ဖြစ်တဲ့သူမျိုးဆိုရင် ဒီအကျိုးကျေးဇူးလေးတွေကို ပိုင်ဆိုင်နိုင်စေဖို့ ခုပဲ ရေများများ သောက်သုံးလိုက်တော့နော်။
Ref: Healthshots
အထွေထွေ
မိုးရာသီမှာ ရေများများ သောက်ပါ
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!