မြေကြီးဓာတ်လေး ယူပြီးလမ်းလျှောက်ကြည့်ပါ
မြေကြီးဓာတ်လေး ယူပြီးလမ်းလျှောက်ကြည့်ပါ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ဖိနပ်မပါဘဲ ခြေဗလာနဲ့ မြေကြီးပေါ်မှာ လမ်းလျှောက်တာက ရုပ်ပိုင်းဆိုင်ရာကို ရော စိတ်ပိုင်းဆိုင်ရာကိုပါ အခုလို ကျန်းမာစေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေ အနေနဲ့ကတော့ -- ခြေထောက်ကြွက်သားတွေကို သန်မာစေတယ်
- ခန္ဓာကိုယ်ကို ဟန်ချက်ညီစေတယ်
- သွေးလည်ပတ်မှု ကောင်းစေတယ်
- အရောင်ကျစေနိုင်တယ်
- ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်
- စိတ်ဖိစီးမှု ပြေလျော့စေတယ်
- စိတ်ခံစားမှု ကောင်းစေတယ်
ဘာတွေသတိထားရမလဲ!
ခြေဗလာနဲ့ လမ်းလျှောက်တာက ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ပေးတယ်ဆိုပေမယ့် ခြေဗလာနဲ့ လမ်းလျှောက်မယ်ဆိုရင် မြေပြင်ညီညာပြီး ထိခိုက်နိုင်ခြေနည်းတဲ့ နေရာမျိုးကို ရွေးချယ်ဖို့ လိုပါမယ်။ ထိခိုက်ပြတ်ရှနာမျိုးတွေ ခြေထောက်မှာ ရှိမယ်ဆိုရင် ခြေဗလာနဲ့ လမ်းမလျှောက်သင့်ပါဘူး။ နောက်တစ်ခုက ဆီးချိုရှိမယ်၊ အခြားသော နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားနေရမယ်ဆိုရင်လည်း ခြေဗလာနဲ့ လမ်းမလျှောက်သင့်ပါဘူး။Lotoshinn ရဲ့ စကားလက်ဆောင် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် မြေကြီးပေါ်မှာ ခြေထောက်ဗလာနဲ့ လမ်းလျှောက်ပြီးတိုင်းမှာ ခြေထောက်ကို သေချာလေး ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင် သုတ်ဖို့လည်း လိုပါမယ်။ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုကို လိမ်းဖို့လည်း လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!