နှာခေါင်းသွေးလျှံတယ်ဆိုတာက အရေပြားမျက်နှာပြင်နဲ့ နီးကပ်စွာ တည်ရှိနေတဲ့ နှာခေါင်းအတွင်းသားကို ထိခိုက်မိတာကြောင့်ပါ။ နှာခေါင်းအတွင်းသား အရေပြားက ထိရှလွယ်ပါ။
နှာခေါင်းသွေးလျှံတာကို တော်တော်များများ ယူဆထားတာက ရာသီဥတု ပူလို့လို့ပါ။ တကယ်ကတော့ မဟုတ်ပါဘူး နှာခေါင်းသွေးလျှံတာက နှာခေါင်းနှိုက်တာ၊ လေထုက ခြောက်သွေ့တာကြောင့် နှာခေါင်းအတွင်းနံရံ ခြောက်သွေ့ပြီး ပိုးဝင်ကူးစက်တာကြောင့်လည်း နှာခေါင်းသွေးလျှံနိုင်ပါတယ်။
ဒီအချက်တွေအပြင် နှာခေါင်းသွေးလျှံစေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကတော့ ဦးနှောက်အပါအဝင် ဦးခေါင်းပိုင်းမှာ ထိခိုက်တာ၊ ကိုယ်တွင်းမှာ ထိခိုက်တာ၊ အသက်ရှူလမ်းကြောင်းမှာ ထိခိုက်မိတာ၊ ပိုးဝင်တာလိုမျိုး ပြဿနာတွေကြောင့်လည်း နှာခေါင်းသွေး လျှံစေနိုင်ပါတယ်။
အခြားဖြစ်နိုင်ခြေကတော့ သွေးတိုးတာပါ။ ကယ်လ်ဆီယမ် ချို့တဲ့တာ၊ အကျိတ်တွေ ဖြစ်နေတာ၊ နှာခေါင်းရိုး ထိခိုက်တာတွေနဲ့ မူးယစ်ဆေး သုံးစွဲတာတွေကြောင့်လည်း နှာခေါင်းသွေး လျှံနိုင်ပါတယ်။
နေပူချိန်မှာ နှာခေါင်းသွေးလျှံရတာက ခြောက်သွေ့ဖုန်ထူတဲ့ အခြေအနေက နှာခေါင်းအတွင်းသားကို ခြောက်သွေ့ စေနိုင်တာကြောင့်ပါ။
နှာခေါင်းသွေးလျှံလာပြီဆိုရင် သက်သာစေဖို့အတွက်
✔️ နှာရိုးကို လက်မ လက်ညှိုး နဲ့ ခပ်ဖွဖွလေး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ညှစ်ထားပေးပါ။
✔️ခေါင်းကို အပေါ်ကို မော့ထားတာမျိုးမလုပ်ပါနဲ့ အဆုတ်ထဲကို သွေးတွေ ပြန်စီးသွားနိုင်တာကြောင့် ခေါင်းကို ရှေ့ဘက်ကို နည်းနည်းလေး ငိုက်ထားပေးပါ။
✔️ပါးစပ်နဲ့ အသက်ရှူပါ
✔️ရေသန့်သန့်ကို ရှူပေးလို့ ရသလို နှာခေါင်းတဝိုက်ကို ရေခဲဝတ် ကပ်ပေးတာကလည်း နည်းလမ်းကောင်းပါ
✔️ရင်ဘတ်မှာ အဝတ်တွေ တင်းကျပ်နေတာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။
✔️ဆိုဖာလိုမျိုး နောက်မှီ့ပါတဲ့နေရာမှာ သက်တောင့်သက်သာလေး နားပေးပါ။
နောက်ပြီး မှာချင်တာတစ်ခုက နှာခေါင်းသွေးလျှံပြီး တိတ်သွားပြီးချိန်မှာ အလေးအပင် မတာမျိုး၊ ပင်ပင်ပန်းပန်းလှုပ်ရှားရတာမျိုးတွေ မလုပ်ဖို့ ပါနဲ့။ သွေးဖိအားများလာပြီး နှာခေါင်းသွေးထပ်လျှံတာမျိုး ဖြစ်စေနိုင်လို့ပါ။
အထွေထွေ
ရုတ်တရက် နှာခေါင်းသွေးလျှံတာ ဘာကြောင့်လဲ
Admin
📅
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!