ရေဝဲ၊ သဲဝဲ သက်သာစေမယ့် အိမ်တွင်းကုထုံးများ
ရေဝဲ၊ သဲဝဲ သက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့ -- Hydrogen peroxide လိမ်းပေးပါ
- လက်ဖက်ဆီ လိမ်းပေးပါ
- တမာဆီ လိမ်းပေးပါ
- အရက်ပြန်နဲ့ ဆေးပေးပါ
- ရှာလကာရည်နဲ့ ဆေးကြောပေးပါ
- ဆားရည် စိမ်ပေးပါ
- ပေါင်ဒါမှုန့် လိမ်းပေးပါ
- မုန့်ဖုတ်ဆိုဒါ
ဒီလိုအခြေအနေဆို ဆရာဝန်နဲ့ ပြသပါ
အိမ်တွင်းကုထုံးတွေကို လုပ်ကြည့်ပေမယ့်- ရက်သတ္တပတ် (၂) ပတ်လောက် ကြာတဲ့အထိ တိုးတက်မှု မရှိဘူးဆိုရင်
- ပိုးဝင်ကူးစက်မှုက ပိုဆိုးလာမယ်ဆိုရင်
- ခဏခဏ ပြန်ဖြစ်နေမယ်ဆိုရင်
- နာကျင်တဲ့ အနေအထား၊ ရောင်ရမ်းတဲ့ အနေအထားနဲ့ ပြည်တည်တာတွေက ပိုဆိုးလာတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
Lotoshinn ရဲ့ စကားလက်ဆောင် ဒီနည်းလမ်းတွေက ရေဝဲ၊ သဲဝဲတွေကို သက်သာစေနိုင်တယ်ဆိုပေမယ့် ဆီးချိုရောဂါလိုမျိုး ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုတာထက် ပြနေကျ ဆရာဝန်နဲ့ သေချာ ပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!