လေထုညစ်ညမ်းတာက ကျန်းမာရေးအပေါ် ဘယ်လောက်ထိသက်ရောက်နေလဲ!
နှစ်ပေါင်းအတော်ကြာလုပ်ဆောင်ခဲ့တဲ့ များစွာသော လေ့လာမှုတွေအရ သိရတာက ပြင်ပလေထုအရည်အသွေး ကျဆင်းတာ၊ လေထုညစ်ညမ်းတာတွက အခုလို ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လေထုညစ်ညမ်းမှုတွေ ဖြစ်မယ်ဆိုရင်- နှလုံးရောဂါ
- ရုတ်တရက် နှလုံးရပ်တာ
- ဆီးချိုရောဂါ
- အဆုတ်ရောင်တာ
- နာတာရှည်လေပြွန်ရောင်ရမ်းတာ
- အဆုတ်ကင်ဆာ
- လမစေ့ဘဲ ကလေးမွေးဖွားတာ
- ပေါင်မပြည့်တဲ့ ကလေးတွေ မွေးဖွားတာ
- ရောဂါအခံရှိသူတွေမှာ ရောဂါအခြေအနေ ပိုပြင်းထန်တာ
- အသက်ရှူလမ်းကြောင်း ပြဿနာတွေ ခံစားရတာ
- အမျိုးသမီးတွေမှာဆိုရင် အရိုးအဆစ် ပြဿနာတွေ ခံစားရတာ
- လေပြွန်ရောင်တာ
- ပန်းနာရင်ကျပ်
- ရင်သားကင်ဆာ
- အူမကြီးကင်ဆာ
- ဆီးကျိတ်ကင်ဆာ
- သွေးကြောတွေ ထိခိုက်တာ
- လေဖြတ်တာ
- လည်ချောင်းနာတာ
- သက်တမ်းမစေ့ဘဲ သေဆုံးနိုင်ခြေတွေ ပိုတိုးတာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။
- တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့
- Air Filter တပ်ဆင်ထားပါ
- အိမ်တွင်းမှာ လေထုသန့်စင်ပေးနိုင်တဲ့ အပင်လေးတွေ စိုက်ထားပါ
- အပြင်ထွက်ရင် ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဆင်ပါ
- ရေများများသောက်ပါ
- ပင်ပင်ပန်းပန်း ကိုယ်လက်လှုပ်ရှားမှု လုပ်တာမျိုး မလုပ်ပါနဲ့
- အာဟာရပြည့်ဝမျှတအောင် စားပါ
- အပြင်ကပြန်ရောက်ချိန်မှာ လက်တွေဆေးပါ
- အပြင်က ပြန်လာတဲ့ အဝတ်အစားတွေကို လဲပစ်ပါ။
Lotoshin ရဲ့ စကားလက်ဆောင် လေထုညစ်ညမ်းမှုက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒီလိုညစ်ညမ်းမှုတွေက လူတိုင်းရှောင်လွှဲလို့ မရဘဲ ကြုံတွေ့နေရတာ ဖြစ်တဲ့အတွက် ဒီအတွင်း အပိုစိတ်ဖိစီးတာမျိုး မဖြစ်ဖို့ ဂရုစိုက်ပါ။ ဒီလိုပြောရတာက လေထုညစ်ညမ်းမှုကြောင့် ခံစားရနိုင်တဲ့ အခြေအနေတွေပေါ်မှာ စိတ်ဖိစီးမှုကြောင့် အပိုဝန်ပိတာမျိုး မဖြစ်စေဖို့ပါ။ တတ်နိုင်သမျှ ကျန်းမာတဲ့ နေ့စဉ်ဘဝနေထိုင်မှုလေးတွေကို လိုက်နာပြီး စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စွာ နေထိုင်ရင်း လေထုညစ်ညမ်းမှုကြောင့် အပိုဝန်မပိအောင် နေထိုင်ကြဖို့ စကားလက်ဆောင်ပါးလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!