ဝမ်းချုပ်လို့ စအိုနာရင် ဘယ်လို သက်သာစေမလဲ!
ဝမ်းချုပ်လို့ စအိုနာရင် သက်သာစေဖို့ အခုလို အိမ်တွင်းကုထုံးလေးတွေနဲ့ ကုသလို့ ရပါတယ်။- ရေနွေးနဲ့ ရေချိုးပါ
- ရေခဲကပ်ပါ
- အကိုက်အခဲပျောက်ဆေး သောက်ပေးပါ
- ဆေးလိမ်းပေးပါ
- သေချာလေး သန့်စင်ပေးပါ
ဘယ်လိုအခြေအနေဆို ဆရာဝန်နဲ့ ပြသဖို့ လိုမလဲ!
နာကျင်နေတာကို သက်သာစေဖို့အတွက် အပေါ်မှာပြောခဲ့တဲ့ အိမ်တွင်းကုထုံးတွေကို အသုံးပြု လိုက်နာ နေပေမယ့်လည်း မသက်သာဘဲ ပိုဆိုးလာတာမျိုး ဖြစ်မယ်၊ စအိုက ကြီးကြီးမားမား ကွဲသွားတာမျိုးဖြစ်မယ် ဆိုရင်တော့ တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသမှု ခံယူဖို့ လိုပါမယ်။Lotoshinn ရဲ့စကားလက်ဆောင် ဝမ်းချုပ်တာက စအိုနာကျင်တာအပြင် မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာ ကြောင့် ဝမ်းချုပ်မှုကို မဖြစ်အောင် ကာကွယ်တာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ရပ်ပါပဲ။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။ ရေပြည့်ပြည့်ဝဝသောက်ပါ။ ဝမ်းသွာဒးချင်လာတဲ့အခါ အောင့်ထားတာမျိုး မလုပ်ပါနဲ့။ အထိုင်များတဲ့နေ့စဉ်နေထိုင်မှုပုံစံကို ပြင်ဆင်ပြီး ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပေးဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!