သံဓာတ်တော့ ပြည့်ဝချင်တယ် ဟင်းနုနွယ်တော့ မစားချင်ဘူး
အထွေထွေ

သံဓာတ်တော့ ပြည့်ဝချင်တယ် ဟင်းနုနွယ်တော့ မစားချင်ဘူး

Admin

📅 26.10.2024
လူတစ်ယောက် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့နဲ့ နေ့စဉ်ဘဝမှာ အကောင်းဆုံး လှုပ်ရှားသွားလာနိုင်စေဖို့ လိုအပ်တဲ့ သတ္တုဓာတ်လေးတစ်မျိုး ရှိပါတယ်။ ဒါကတော့ သံဓာတ်ပါ။ သံဓာတ်ပြည့်ဝနေမှ အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေမှာဖြစ်သလို ခြေကုန်လက်ပမ်းကျတာ၊ သွေးအားနည်းတာမျိုးတွေဖြစ်နိုင်ခြေကို ကာကွယ်နိုင်မှာပါ။ ဒီအခြေအနေတွေက ကင်းဝေးချင်လို့ သံဓာတ်ပြည့်ဝချင်တယ်ဆိုပေမယ့် သံဓာတ်ပြည့်ဝဖို့ စားပေးသင့်တယ်လို့ နာမည်ကြီးတဲ့ ဟင်းနုနွယ်ကို မစားချင်ဘူးဆိုသူတွေအတွက် ဟင်းနုနွယ်ထက် သံဓာတ်ပိုများတဲ့ စားစရာလေး တွေကို ဝေမျှပေးချင်ပါတယ်။

သံဓာတ်တော့ ပြည့်ဝချင်တယ် ဟင်းနုနွယ်တော့ မစားချင်ဘူး

သံဓာတ်တော့ ပြည့်ဝချင်တယ် ဟင်းနုနွယ်တော့ မစားချင်ဘူး ဆိုရင်တော့ ဒါလေးတွေ စားပေးလို့ ရပါတယ်။
  • ဆင်ခေါင်းပဲ
ဆင်ခေါင်းပဲက ပရိုတင်းကြွယ်ဝသလို သံဓာတ်ပါဝင်မှုလည်း များပါတယ်။ ဒီလိုမျိုး အာဟာရ ကြွယ်ဝမှုကပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်မှာပါ။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကို ကာကွယ်ချင်တယ်ဆိုရင် တစ်ပတ်ကို ၃ ကြိမ်လောက် စားပေးရင်ကို အဆင်ပြေပါတယ်။ 
  • ပဲနီလေး၊ ပဲဝါလေး 
ပဲနီလေး၊ ပဲဝါလေးလိုမျိုး  ပဲတွေမှာလည်း ပရိုတင်း၊ အမျှင်ဓာတ်နဲ့ သံဓာတ်တို့ ပါဝင်နေတာကြောင့် သံဓာတ် ပြည့်ဝဖို့ စားပေးသင့်ပါတယ်။ ဒီလိုလေး ပုံမှန် စားပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး သံဓာတ်ချို့တဲ့မှု ကိုပါ ကာကွယ်နိုင်မှာပါ။
  • အနက်ရောင်ချောကလက်
အရည်အသွေးကောင်းတဲ့ အနက်ရောင် ချောကလက်တွေမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် စိတ်ကြည်လင်လန်းဆန်းစေဖို့ဖြစ်ဖြစ် သံဓာတ်ကြွယ်ဝစေဖို့ဖြစ်ဖြစ် ချောကလက်ကို စားပေးလို့ ရပါတယ်။ 
  • ဖရုံစေ့
ဖရုံစေ့လှော်မှာ အကျိုးပြု အဆီဓာတ်တွေ ပါဝင်နေသလို သံဓာတ်နဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝစေဖို့အတွက် ဖရုံစေ့ကို စားပေးလို့ ရပါတယ်။  အခုပြောခဲ့တဲ့ အစားအစာလေးတွေထဲက နှစ်သက်ရာကို စားပေးရင်း စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုအပ်တဲ့ သံဓာတ်ကို ပြည့်ဝစေဖို့ ဂရုစိုက်ပေးလို့ ရပါတယ်။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!