အစာအိမ်အူလမ်းကြောင်း မကျန်းမာဘူးဆိုတဲ့ သတိပေးလက္ခဏာများ
အထွေထွေ

အစာအိမ်အူလမ်းကြောင်း မကျန်းမာဘူးဆိုတဲ့ သတိပေးလက္ခဏာများ

Admin

📅 25.09.2025
ဗိုက်အောင့်တာ၊ မကြာခဏဆိုသလို လေအောင့်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာမျိုးနဲ့ ရင်ပူတာတွေ ကို ခံစားနေရမယ်ဆိုရင်တော့ သေချာတာက အစာအိမ်အူလမ်းကြောင်း မကျန်းမာဘူးဆိုတာကို ပြသနေတာပါ။ ဒါတွေအပြင် အစာအိမ်အူလမ်းကြောင်း မကျန်းမာရင် ပြသနေတဲ့ အခြားသော လက္ခဏာတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် သိရှိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အစာအိမ်အူလမ်းကြောင်း မကျန်းမာဘူးဆိုတဲ့ သတိပေးလက္ခဏာများ

အစာအိမ်အူလမ်းကြောင်းက မကျန်းမာတော့ဘူးဆိုရင် အစာခြေစနစ်မှာတင် မကျန်းမာတာကို ခံစားရတာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေမှာပါ ပြောင်းလဲမှုတွေကို အခုလို ခံစားရနိုင်ပါတယ်။ 
  • အစာခြေစနစ် ကျန်းမာရေးမကောင်းတာ
အတွေ့ရအများဆုံး လက္ခဏာတစ်ရပ်ဖြစ်ပြီး အ‌မြဲလိုလို ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းသွားရခက်တာ၊ ဝမ်းလျှောတာ၊ လေအောင့်တာ၊ ရင်ပူတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေကို ခံစားရနိုင်ပါတယ်။
  • ခြေကုန်လက်ပမ်းကျတာ
ဒါကတော့ တွေ့ရနည်းပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာ တစ်ခုပါ။ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး မကောင်းတာကြောင့် လူက အားမရှိသလို ဖြစ်ပြီး ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။
  • အရေပြားပြဿနာတွေ ခံစားရတာ
အစာအိမ်အူလမ်းကြောင်းမှာ ကျန်းမာရေးပြဿနာတွေ ခံစားနေရမယ်ဆိုရင်တော့ ဝက်ခြံ၊ နှင်းခူနဲ့ ဆိုရီရေးစစ်လို အရေပြားပြဿနာတွေကို ခံစားရတာအပြင် အင်ပြင်ထွက်တာ၊ အရေပြားကျန်းမာရေး မကောင်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 
  • ခဏခဏ ဖျားတာ
ဖျားတာက ခဏခဏ ဆိုသလို ဖြစ်လာပြီဆိုရင် အစာအိမ်အူလမ်းကြောင်းက ကျန်းမာရေးမကောင်းတာကြောင့် အာဟာရပြည့်ဝစွာ မရရှိနိုင်တာကြောင့် ကိုယ်ခံအား အားနည်းလာတာပါ။ ဒီလို ခဏခဏ ဖျားတာကလည်း အစာအိမ်အူလမ်းကြောင်း မကျန်းမာနေတာကြောင့် ဖြစ်နိုင်ပါတယ်။
  • အချိုကိုပဲ စားချင်နေတာ
အစားတစ်ခုခုကို မက်မက်စက်စက် စားချင်နေတာမျိုးပါ။ အထူးသဖြင့်ကတော့ သကြားနဲ့ အချိုကဲတာတွေကို စားချင်နေပြီဆိုရင်လည်း အစာအိမ်အူလမ်းကြောင်း မကျန်းမာဘူးဆိုတာကို ပြသနေတာပါ။ 
  • အိပ်မပျော်တာ
ညဘက်တွေမှာ အိပ်မပျော်တာ၊ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်တာတွေက  အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။ 
  • အာရုံစိုက်ဖို့ ခက်တာ
အာရုံတွေ ထွေပြားနေတာ၊ တစ်ခုခုကို အာရုံစိုက်ဖို့ ခက်တာ၊ အတွေးတွေကို ကောင်းကောင်းမတွေးနိုင်တာ ကလည်း အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး မကောင်းတာကြောင့်လည်း အာရုံစိုက်ဖို့ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။  အခုလို အခြေအနေတွေ ခံစားနေရပြီဆိုရင်တော့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်နော်။
Lotoshinn ရဲ့ စကားလက်ဆောင် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားရတာမျိုး ရှိမယ်၊ ဒါတွေအပြင် ဝမ်းသွားရင် သွေးပါမယ်။ အန်ရင် သွေးပါမယ်။ အကြေင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် တိုးလာမယ်၊ ကျသွားမယ်၊ အမြဲလိုလို ခြေကုန်လက်ပမ်းကျနေမယ်၊ ဗိုက်ထဲက ပြင်းပြင်းထန်ထန်အောင့်မယ်၊ ဗိုက်က အမြဲလိုလို အောင့်နေမယ်၊ ဝမ်းသွားတဲ့ အလေ့အထ ရုတ်တရက်ပြောင်းသွားတာမျိုးဖြစ်မယ်ဆိုရင်တော့ အမြန်ဆုံး ကုသစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!