အပူအစပ် အစားများရင် ဘာဖြစ်မလဲ!
အထွေထွေ

အပူအစပ် အစားများရင် ဘာဖြစ်မလဲ!

Admin

📅 12.09.2025
ပူပူစပ်စပ်လေးက ခံတွင်းတွေ့တယ်ဆိုပေမယ့် အပူအစပ်တွေ အရမ်းစားလွန်းမယ်ဆိုရင် အစာအိမ် အူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ရင်ပူတာ၊ ဗိုက်အောင့်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အပူအစပ် အစားများရင် ဘာတွေဖြစ်နိုင်လဲ! ဘယ်သူတွေ သတိထားဖို့ လိုမလဲ! ဆိုတာကို ဝေမျှပေးချင်ပါတယ်။ 

အပူအစပ် အစားများရင် ဘာဖြစ်မလဲ!

နေ့စဉ်စားသုံးမှုမှာ ပူပူစပ်စပ်တွေကို အစားများမယ်။ အပူအစပ်တွေ အရမ်းစားမယ်ဆိုရင် အဓိက ထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက အစာအိမ်အူလမ်းကြောင်းပါ။ တိတိကျကျ ပြောပြရမယ်ဆိုရင် အပူအစပ် အစားများတာက - 
  • ရင်ပူတာကို ဖြစ်စေနိုင်တယ်
အစပ်တွေ စားတာက အစာခြေအက်ဆစ်တွေထွက်ရှိမှု များစေပြီး အစာရေမြိုဆီကို အက်ဆစ်ပြန်ဆန်တက်တာ ကို ဖြစ်စေပြီး ရင်ပူတာကို ဖြစ်စေနိုင်ပါတယ်။
  • အက်ဆစ်ပြန်ဆန်တက်တာကို ဖြစ်စေနိုင်တယ်
အပူအစပ်တွေ အစားများတာကလည်း အစာအိမ်ထဲက အက်ဆစ်တွေကို အစာရေမြိုဆီကို ပြန်ဆန်တက်စေပြီး အစာရေမြိုနံရံတွေကို ထိခိုက်စေနိုင်ပါတယ်။ 
  • ဗိုက်အောင့်မယ်
အပူအစပ် အစားများတာက အစာအိမ်နံရံတွေကို ထိခိုက်ပျက်စီးစေပြီး ဗိုက်အောင့်တာ၊ ဗိုက်ရစ်နာတာတွေကို ဖြစ်စေနိုင်ပါတယ်။ 
  • ဝမ်းပျက်မယ်
အပူအစပ်တွေက အူတွေရဲ့ လှုပ်ရှားမှုကို ဟန်ချက်ပျက်စေပြီး ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ဖြစ်စေနိုင်ပါတယ်။ 
  • ခေါင်းကိုက်စေနိုင်တယ်
အစပ်ကဲတဲ့ အစားအစာတွေက ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျုံ့စေပြီး ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ 
  • အိပ်ရေးပျက်စေနိုင်တယ်
အိပ်ခါနီးမှာ အပူအစပ်တွေ စားတာက အစာအိမ်ထဲမှာ လေတွေပွစေပြီး ကောင်းကောင်းအိပ်ပျော်ဖို့ ခက်တာမျိုး ခံစားရစေနိုင်ပါတယ်။
  • အသက်ရှူဖို့ ခက်တာမျိုး ဖြစ်စေနိုင်တယ်
ဖြစ်ခဲပေမယ့် အစပ်အစားများတာက အသက်ရှူဖို့ ခက်တာမျိုးကို ခံစားရနိုင်ပါတယ်။ 

ဘယ်သူတွေ သတိထားဖို့ လိုမလဲ!

နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရတာမျိုး ရှိမယ်ဆိုရင်လည်း အရမ်းစပ်တာတွေကို စားတဲ့အခါ ရှိရင်းစွဲ ကျန်းမာရေးအခြေအနေတွေကို ပိုဆိုးစေနိုင်တာကြောင့် အများကြီး မစားဖို့ အကြံပြုချင်ပါတယ်။ တကယ်လို့ အစပ်တွေ စားပြီးချိန်မှာ ပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ 
Lotoshinn ရဲ့ စကားလက်ဆောင် အပူအစပ်တွေကို အလွန်အကျွံစားတာက အစာအိမ်အူလမ်းကြောင်းအပါအဝင် ကိုယ်တွင်းအင်္ဂါ တော်တော်များ များကို ထိခိုက်စေနိုင်တာကြောင့် အများကြီး မစားဖို့လိုပါမယ်။ အစပ်စားတဲ့အခါမှာလည်း ငရုတ်သီး အခြောက်မှုန့်တွေအစား ငရုတ်သီးစိမ်းတွေကို စားပေးတာက ပိုပြီး ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!