အမျိုးသားတွေမှာ တွေ့ရလေ့ရှိတဲ့ ဆီးချိုရောဂါရဲ့ အစောပိုင်း လက္ခဏာများ
အမျိုးသားတွေမှာ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။- ဆီးခဏခဏ သွားတာ
- ရေပုံမှန်ထက် ပိုငတ်တာ
- အမြဲလိုလို ခြေကုန်လက်ပမ်းကျတာ
- အကြောင်းအရင်းမရှိဘဲ ဝိတ်ကျတာ
- လိင်စိတ် နည်းပါးတာ
- အမြင်အာရုံဝေဝါးတာ
- အနာကျက်နှေးစေတယ်
- ခြေလက်တွေ ထုံကျဉ်တာ
Lotoshinn ရဲ့ စကားလက်ဆောင် ဆီးချိုရောဂါက နာတာရှည် ကျန်းမာရေးပြဿနာဖြစ်တာကြောင့် စောစောသိ စောစောကုသလေလေ ထိရောက်မှုရှိလေလေပါ။ ဒါကြောင့်မို့ အစောပိုင်းလက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ အကြံပြုလိုက်ပါရစေ။ ဆီးချိုမဖြစ်စေဖို့ နေ့စဉ်ဘဝမှာ ကျန်းမာစေမယ့် အလေ့အထလေးတွေကို မွေးမြူကြဖို့လည်း တိုက်တွန်းလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!