အမျိုးအစား - ၁ ဆီးချိုခံစားနေရတဲ့ သားသားမီးမီးတို့အတွက် ကျန်းမာတဲ့ ပန်းကန်တစ်ချပ်
အထွေထွေ

အမျိုးအစား - ၁ ဆီးချိုခံစားနေရတဲ့ သားသားမီးမီးတို့အတွက် ကျန်းမာတဲ့ ပန်းကန်တစ်ချပ်

Admin

📅 22.08.2025

အမျိုးအစား - ၁ ဆီးချိုဆိုတာက မွေးရာပါ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်တတ်တဲ့ အမျိုးအစား - ၁ ဆီးချို ခံစားနေရတဲ့ သားသားမီးမီးတွေကို ကြီးထွားဖွံ့ဖြိုးမှု မထိခိုက်စေဘဲ အာဟာရ ပြည့်ဝစေဖို့ ဘယ်လိုလေး ပြင်ဆင်ပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အမျိုးအစား - ၁ ဆီးချိုခံစားနေရတဲ့ သားသားမီးမီးတို့အတွက် ကျန်းမာတဲ့ ပန်းကန်တစ်ချပ်

အမျိုးအစား - ၁ ဆီးချိုရောဂါ ခံစားနေတဲ့ သားသားမီးမီးတို့အနေနဲ့ ကြီးထွားဖွံ့ဖြိုးမှု မထိခိုက်ဘဲ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိနိုင်ဖို့ဆိုရင်တော့ နေ့စဉ်တိုင်းမှာ အာဟာရ စုံစုံလင်လင်တဲ့ တစ်နပ် အလွတ်မခံဘဲ အချိန်မှန်မှန်လေး စားဖို့ လိုပါမယ်။ နေ့တိုင်းမှာ အစာအုပ်စု ၄ မျိုးပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။ ဒါတွေကတော့ - 

  • သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ 
  • ပေါင်မုန့်ကြမ်းနဲ့ ဆီရီယယ်
  • နို့ နဲ့ နို့ထွက်ပစ္စည်းတွေ
  • အဆီမပါတဲ့ အသား၊ ကြက်သား၊ ငါး၊ ပင်လယ်စာ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကို သင့်တင့်မျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ 

Healthy Plat for Type- 1 Diabetes Healthy Plat for Type- 1 Diabetes

အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပြင်ဆင်ပေးပါ

အမျိုးအစား - ၁ ဆီးချိုခံစားနေရတဲ့ သားသားမီးမီးတို့ကို အာဟာရပြည့်ဝအောင် စားသုံးမိစေဖို့ သေချာလေး ပြင်ဆင်ပေးတာအပြင် ရေကို လုံလောက်အောင် သောက်ဖို့လည်း လိုပါမယ်။ ဒီလိုလေး သေချာ ပြင်ဆင်ပေးမယ်ဆိုရင်တော့ ကလေးက ကျန်းမာဖျတ်လတ်စွာနဲ့ ကြီးပြင်းလာမှာပါ။ ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားအသောက်ရွေးချယ်တတ်စေဖို့ သေချာလေး သင်ကြားပေးထားတာက ဆီးချိုကို ထိန်းညှိရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။  အစားအသောက်ကို သေချာလေး ရွေးတတ်စေတာက သွေးတွင်းသကြားဓာတ် အတက်အကျ မြန်တာမျိုး မဖြစ်စေဖို့ ထိန်းညှိပေးရာ ရောက်ပါတယ်။ ကလေးအတွက် အစားအသောက် ရွေးချယ်တဲ့အခါ ကလေးရဲ့ သောက်နေရတဲ့ ဆေးဝါးတွေ နေ့စဉ် အလေ့အထလေးတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း ထည့်တွက်ဖို့ လိုပါမယ်။ 

အစားအသောက်တွေထဲမှာ အဓိက ပါဝင်သင့်တဲ့ အာဟာရဓာတ်များ

အမျိုးအစား - ၁ ဆီးချို ခံစားနေရတဲ့ သားသားမီးမီးတွေရဲ့ အစားအသောက်ထဲမှာ အဓိကပါဝင်သင့်တဲ့ အာဟာရဓာတ်တွေကတော့ -  ကစီဓာတ် ကစီဓာတ်က ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ပံ့ပေးတဲ့ အဓိက အစာအရင်းအမြစ် တစ်ခုပေါ့။ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ ကစီဓာတ်က ဂလူးကို့စ်အဖြစ်ဖြိုခွဲလိုက်ပြီး သွေးကြောတွေက စုပ်ယူလိုက် ပါတယ်။ ခန္ဓာကိုယ်မှာ ဦးနှောက်ကစလို့ ကြွက်သားတွေအဆုံး အစိတ်အပိုင်းတိုင်းက လောင်စာအနေနဲ့ ဂလူးကို့စ်ကို အသုံးပြုကြပါတယ်။  ကစီဓာတ်တွေကို အခုလို အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ 

  • ပေါင်မုန့်တွေ၊ ဆီရီယယ်တွေ၊ ခရက်ကာ၊ ထမင်း၊ ပါစတာ၊ ခေါက်ဆွဲ၊ အုတ်ဂျုံ စတာတွေ
  • စေးကပ်တဲ့ အသီးအနှံတွေ ဖြစ်တဲ့ - အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပီလောပီနံ၊ ငှက်ပျောသီးစိမ်းတွေ
  • နို့နဲ့ နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်စတာ
  • ပဲအမျိုးမျိုး - ပဲနီလေး၊ ဆင်ခေါင်းပဲ၊ ပဲပိစပ်၊ ပဲဝါလေး၊ ပဲလွန်း စတာတွေ

ပရိုတင်း  ပရိုတင်းကလည်း စွမ်းအင်အရင်းအမြစ် တစ်ရပ်ပါ။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ ထိခိုက်မှုတွေကို ပြင်ဆင်ပေးဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ကြွက်သား၊ ဆံပင်၊ လက်သည်းခြေသည်း၊ အရေပြားနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ပရိုတင်းကို အခုလို အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ 

  • အသား၊ ငါး၊ ကြက်သား၊ ဥအမျိုးမျိုး၊ ချိစ်၊ ဒိန်ချဉ်စတာတွေ

အပင်အရင်းအမြစ်တွေအနေနဲ့ကတော့ - 

  • ပဲပိစပ်၊ နှံစားသီးနှံတွေ၊ ပဲအမျိုးမျိုး စတာတွေပါ။ 

အဆီဓာတ် အဆီဓာတ်ကလည်း ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အဆီဆိုတဲ့နေရာမှာ monounsaturated၊ polyunsaturated နဲ့ saturated fats ဆိုပြီး ရှိကြပါတယ်။  ပြည့်ဝဆီ (Saturated fat) ပြည့်ဝဆီမှာ ပါဝင်နေတဲ့ အဆီဓာတ်တွေက ကောင်းကျိုးမပြုတဲ့ ကိုလက်စထရောတွေ ပါဝင်နေပါတယ်။ ဒါကိုတော့ လျှော့စားဖို့ လိုပါမယ်။  မပြည့်ဝဆီ (Monounsaturated fats နဲ့ Polyunsaturated fats) မပြည့်ဝဆီက နှလုံးရောဂါကို ကာကွယ်ပေးပြီး သွေးထဲက အဆီတွေကို ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

ဆီးချိုရှိသူတွေအတွက် ကစီဓာတ် ဘာကြောင့် အရေးကြီးသလဲ!

ကစီဓာတ်က သွေးတွင်းသကြားဓာတ်ပေါ်ကို အများကြီး သက်ရောက်မှု ရရှိနေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုတိုင်းမှာ ကစီဓာတ်ပါအောင် စားဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကစီဓာတ် ဖြစ်ဖို့တော့ လိုပါမယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကစီဓာတ်ကို သင့်တင့်မျှတတဲ့ အချိုးအစားနဲ့ စားသုံးပေးမယ်ဆိုရင် ကျန်းမာမှာ အသေအချာပါပဲ။  ကလေးကို နေ့စဉ် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ဖို့ လိုသလို လိုအပ်တဲ့ ဆေးဝါးကုသမှုကိုလည်း ခံယူဖို့ လိုပါမယ်။

Lotoshinn ရဲ့ စကားလက်ဆောင် အမျိုးအစား - ၁ ဆီးချိုခံစားနေရတဲ့ သားသားမီးမီးတို့ကို အာဟာရပြည့်ဝအောင် စားသုံးမိစေဖို့ သေချာလေး ပြင်ဆင်ပေးတာအပြင် ရေကို လုံလောက်အောင် သောက်ဖို့လည်း လိုပါမယ်။ ကလေးကို နေ့စဉ် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ဖို့ လိုသလို လိုအပ်တဲ့ ဆေးဝါးကုသမှုကိုလည်း ခံယူဖို့ အကြံပြုလိုက်ပါရစေ။ 
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ဆီးချိုကို ထိန်းညှိရာမှာ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းပါ
  • ဆီးချိုရှိသူတွေမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တာက ပုံမှန်လူတွေလိုပဲ အကျိုးများပါတယ်
  • အမျိုးအစား - ၁ ဆီးချိုရောဂါ ခံစားနေရတဲ့ လူငယ်တွေနဲ့ ကလေးငယ်တွေ အနေနဲ့ အထူးပြုပြင်ထားတာတွေကို စားသုံးတာမျိုး လုပ်ဆောင်ဖို့ မလိုသလို အစားအလွန်အကျွံရှောင်တာမျိုးလည်း မလုပ်ပါနဲ့
  • ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာက လူတိုင်း အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!