အရက်အလွန်အကျွံ သောက်သုံးမှုက ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ!
အရက်သောက်သုံးမှုက ရောဂါတော်တော်များများကို လက်ယပ်ခေါ်နေသလိုပါပဲ။ တော်တော်များများ သိထားတာက အရက်ကို အလွန်အကျွံသောက်သုံးတာက အသည်းခြောက်တာ၊ ယာဉ်မတော်တဆမှုတွေဖြစ်ပြီး သေဆုံးတာမျိုးတွေ ဖြစ်နိုင်တယ်လို့ သိကြပေမယ့် အရက်သောက်တာကြောင့် ကင်ဆာ နဲ့ ရုတ်တရက် နှလုံးရပ်တာကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဒါကြောင့် တိုတိုရှင်းရှင်း အဖြေပေးရမယ်ဆိုရင် အရက် အလွန်အကျွံသောက်သုံးမှုက ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်ဆိုတာပါ။အရက်အလွန်အကျွံ သောက်သုံးမှုက ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ!
အရက်အလွန်အကျွံသောက်သုံးမှုရဲ့ အကျိုးဆက်အနေနဲ့ အခုလို ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။- သွေးအားနည်းရောဂါ
- ကင်ဆာ
- နှလုံးသွေးကြောဆိုင်ရာ ရောဂါ
- အသည်းရွတ်နာ
- Dementia
- စိတ်ဓာတ်ကျတာ
- အတက်ရောဂါ
- ဂေါက်ရောဂါ
- သွေးတိုးရောဂါ
- ကူးစက်ရောဂါများ
Lotoshin ရဲ့ စကားလက်ဆောင် အရက်သောက်တာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတစ်ခုဖြစ်သလို အရက်အလွန်အကျွံ သောက်တာက ကိုယ်ခံအားကို ထိခိုက်စေနိုင်ပြီး ကူးစက်ရောဂါတွေကို အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဥပမာ - တီဘီ၊ အဆုတ်ရောင်၊ HIV/AIDS နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ (STDs) တွေ လိုမျိုးပေါ့။ အရက်အလွန်အကျွံသောက်ပြီးချိန်မှာ ကိုယ်ခံအားက ရောဂါခုခံနိုင်စွမ်း ၂၄ နာရီလောက်အထိ အသင့်မဖြစ်နေပါဘူး။ ဒါကြောင့် ကိုယ်ခံအားကောင်းကောင်းနဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ အရက်လျော့သောက်ပါလို့ အကြံပြုပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!