အရေပြားအလှအပအတွက် အရေးပါတဲ့ ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုး
ဆေးဖက်ဝင်အပင်များ

အရေပြားအလှအပအတွက် အရေးပါတဲ့ ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုး

Admin

📅 06.01.2025
ကော်လာဂျင်ဆိုတာက အသားအရေ ကျန်းမာစေဖို့ အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ကော်လာဂျင်က အသားအရေ တင်းရင်းစေဖို့ လှပစေဖို့နဲ့ အဆစ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် အလှအပ အတွက် အခုနောက်ပိုင်းမှာ လေဒီလေးတွေအကြား အတော်ကို နာမည်ရလာတဲ့ ဖြည့်စွက် ဓာတ်စာလေး တစ်မျိုးပါ။  ကော်လာဂျင်ဆိုတာကို တော်တော်များများ သိထားတာက ပရိုတင်းရတဲ့ အသားတွေကနေ ရတယ်လို့ သိကြတာပါ။ ဒီတစ်ခေါက်မှာတော့ ကော်လာဂျင်ကို ရရှိစေနိုင်တဲ့ အသီးအနှံ (၅) မျိုးကို ပြောပြပေးချင်ပါတယ်။ 

အလှအပအတွက် အရေးပါတဲ့ ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုး

ကော်လာဂျင် တိုးစေမယ့် အသီးအနှံ (၅) မျိုးကတော့ -  ဟင်းနုနွယ်ရွက်  ဟင်းနုနွယ်ရွက်က ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနိုင်သလို အသားအရေ၊ အရိုးနဲ့ အဆစ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  ငရုတ်ပွ ငရုတ်ပွကလည်း ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေ ကျန်းမာလှပစေဖို့လည်း ငရုတ်ပွကို စားပေးလို့ ရပါတယ်။ ကန်စွန်းဥ  ကန်စွန်းဥမှာ ကော်လာဂျင် ထွက်ရှိမှုကို လှုံ့ဆော်ပေးနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ဆိုရင်တော့ ကန်စွန်းဥကို စားပေးလို့ ရပါတယ်။  ထောပတ်သီး  ထောပတ်သီးမှာ ကျန်းမာတဲ့ အဆီတွေ အများကြီး ပါတာကြောင့် အသားအရေ ခြောက်သွေ့မှု ကင်းစေဖို့ရော ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေ စတော်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးတွေလိုမျိုး ဘယ်ရီသီးတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကော်လာဂျင်ထွက်ရှိစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ 
လိုတိုရှင်းရဲ့ စကားလက်ဆောင် ကော်ာလာဂျင်က အသားအရေ ကျန်းမာစေဖို့ရော၊ အဆစ်တွေ အရိုးတွေ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါ တယ်။ ဒါကြောင့် အသားအရေလှပမှုအတွက် ကော်လာဂျင် မှီဝဲမယ်ဆိုရင်တော့ ကော်လာဂျင်ကို ဖြည့်စွက် အာဟာရတွေ အနေနဲ့ မှီဝဲလို့ ရသလို အခုပြောခဲ့တဲ့ အသီးအနှံလေးတွေကို နေ့စဉ်စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးတာကလည်း နည်းလမ်းကောင်းပါ။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!