ကျောက်သင်ပုန်း ရွက်လေးတွေက အခုလိုဆေးဖက်ဝင်ပါတယ်။ ကင်ဆာတိုက်ဖျက်ပေးနိုင်တယ် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ် အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ် သွေးတွင်း ယူရစ်အက်ဆစ်ကို ကျစေနိုင်တယ် စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ ကျောက်သင်ပုန်းပင်လေးကို ငယ်ငယ်က ကစားဖို့ အရွက်လေးတွေ ခူးရင်းမြင်ဖူးကြမှာပါ။ ကျောက်သင်ပုန်း ဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက် ပိုတဲ့ အာနိသင်တွေ ရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။
ကျောက်သင်ပုန်းပင်ဆိုတာက
ကျောက်သင်ပုန်းပင်ဆိုတာက မြေလျှောက်ပြီး အလေ့ကျပေါက်တတ်တဲ့ အပင်လေးတစ်မျိုးပါ။ အရွက်က ပြောင်ပြောင်လေးနဲ့ ကွမ်းရွက်ပုံလေးပါ။ ရိုးတံလေးမှာ အစေ့လေးတွေ ကပ်နေသလိုမျိုး ရိုးတံလေးနဲ့ အရွက်ပြောင်ပြောင်လေးတွေ ဘေးတစ်ဖက်တစ်ချက်စီမှာ ထွက်နေတတ်ပါတယ်။ နတ်သမီးကွမ်းရွက်လို့လည်း ခေါ်လေ့ရှိကြပါတယ်။ ကျောက်သင်ပုန်းရွက်က စားလို့ရပါတယ်။ ပူဒီနာတို့ ဇီယာရွက်တို့လို ပူရှိန်းရှိန်းလေးပါ။ မုန်လာဥဖြူ လိုမျိုး အရသာလည်း ရှိပါတယ်။ မစားခင်မှာ ရေ သေချာ စင်အောင် ဆေးဖို့တော့ လိုပါတယ်။ အသုပ်တွေထဲမှာ ထည့်စားလို့လည်း ရပါတယ်။ အရှေ့တောင်အာရှဒေသမှာ ပေါက်ရောက်မှု များပါတယ်။ https://lotoshinnlifestyle.com/health-benefits-of-rauwolfia-serpentina/အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား!
အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်းပင် ဆေးဖက်ဝင်သလား! ဆိုတော့ ကျောက်သင်ပုန်း ရွက်လေးတွေက အခုလို ဆေးဖက်ဝင်ပါတယ်။- ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
- ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်
- ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
- အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်
- သွေးတွင်း ယူရစ်အက်ဆစ်ကို ကျစေနိုင်တယ်
- စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!