အဝေးမှုန် ဆိုတာ ဘာလဲ!
အဝေးမှုန်တယ်ဆိုတာက အမြင်အာရုံ ပြဿနာ တစ်ခုပါ။ အနီးအနားမှာ ရှိတာတွေကို ကောင်းကောင်းမွန်မွန် သဲသဲကွဲကွဲ မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မျက်လုံးရဲ့ ရောင်ပြန်ဟပ်မှု မှားယွင်းတာကြောင့် တိကျပြတ်သားစွာ မမြင်ရတာ ဝါးတားတား ဖြစ်တာမျိုးတွေကို ခံစားရနိုင်တဲ့ အခြေအနေပါ။ အဝေးမှုန်တာ အဖြစ်များသလား! အဝေးမှုန်တာက အဖြစ်များသလား ဆိုတော့ တော်တော်လေး အဖြစ်များပါတယ်။ အယောက် ၁၀၀ မှာ ၃၀% လောက် ခံစားကြရတဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာပါ။ အဝေးမှုန်ရင် ဘယ်လိုတွေ ခံစားရနိုင်လဲ! အဝေးမှုန်ပြီဆိုရင် ကားမောင်းနေတုန်းမှာ လမ်းဘေးဝဲယာက ဆိုင်းဘုတ်တွေကို သဲသဲကွဲကွဲ မမြင်ရတာမျိုး ခံစားရနိုင်သလို စာသင်အရွယ် ကလေးတွေမှာဆိုရင် ကျောက်သင်ပုန်းက စာတွေကို မမြင်ရတာမျိုး ခံစားရနိုင်ပါတယ်။ အချို့မှာဆိုရင် ရုပ်သံတွေကို ကြည့်ရှုရာမှာတောင် အခက်အခဲ ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ မြင်သာတဲ့ လက္ခဏာတွေ အနေနဲ့- ခပ်ဝေးဝေးက အရာတွေကို သဲသဲကွဲကွဲ မမြင်ရတာ
- မျက်လုံးတွေ ညောင်းတာ၊ ပင်ပန်းတာ
- အဝေးက အရာကို မျက်မှောင်ကြုံ့ပြီး ကြည့်ရတာ
- ခေါင်းကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!