အသည်းအဆီဖုံးတာကို သဘာဝအတိုင်း သက်သာစေမယ့် သစ်သီးလေးများ
အသည်းအဆီဖုံးတာကို သဘာဝအတိုင်း သက်သာစေမယ့် သစ်သီးလေးများ ကတော့ -- ပန်းသီး
- ဘလူးဘယ်ရီသီး
- သံပရိုသီး
- ထောပတ်သီး
- သင်္ဘောသီးမှည့်
- ပြည့်ဝဆီ၊ သကြားနဲ့ သန့်စင်ထားတဲ့ ကစီဓာတ်တွေကို လျှော့ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ
- နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ ( တစ်ပတ်တာကို အနည်းဆုံး မိနစ် ၁၅၀ လုပ်ဖြစ်အောင် လုပ်ပါ)
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ
- အရက်လျှော့သောက်ပါ
- အမျိုးအစား-၂ ဆီးချို၊ သွေးတိုးနဲ့ သွေးတွင်းအဆီများတာလိုမျိုး ကျန်မးာရေးပြဿနာတွေကို သေချာလေး စောင့်ရှောက်ကုသမှု ခံယူပါ
Lotoshinn ရဲ့ စကားလက်ဆောင် အသည်းအဆီဖုံးတာက နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်မယ်။ လိုအပ်တဲ့ကုသမှုတွေကိုလည်း ခံယူမယ်ဆိုရင် နောက်ဆက်တွဲဖြစ်နိုင်ခြေတွေကိုရော အသည်းအဆီဖုံးတာကြောင့် ထိခိုက်ခံစားရနိုင်ခြေတွေ ကိုပါ အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မှာပါ။ တကယ်လို့ သေချာ ဂရုမစိုက်မိဘူးဆိုရင် အသည်းအဆီဖုံးတာက နောက်ဆက်တွဲ အနေနဲ့ အသည်းခြောက်တာ၊ အသည်းပျက်စီးတာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်တာမို့ သေချာလေး ဂရုစိုက်ဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!