အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!
အထွေထွေ

အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!

Admin

📅 26.01.2026

အသည်းအဆီဖုံးတယ်ဆိုတာက အရက်သောက်မှ ဖြစ်တတ်တာမျိုး မဟုတ်ပါဘူး။ နေ့စဉ်မှာ စားသုံးမိနေတဲ့ အချို့သော အစားအစာတွေကြောင့်လည်း အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!

နေ့စဉ်စားသုံးမှုမှာ ပါဝင်နေတဲ့ အခုလို အစားအစာတွေက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။ 

  • အချိုရည်တွေ 

ဆိုဒါတွေ၊ အချိုရည်တွေ၊ စွမ်းအားဖြည့်အချိုရည်တွေ၊ နို့လက်ဖက်ရည်တွေ၊ Bubble Tea၊ Iced Coffeeတွေ၊ သကြားလုံးတွေ၊ အချိုပွဲတွေနဲ့ အချိုစွက်ထားတဲ့ သစ်သီးခြောက်တွေက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါ တယ်။

  • သန့်စင်ထားတဲ့ ကစီဓာတ်

အဖြူရောင် ပေါင်မုန့်၊ ဖြူနေအောင် ဖွတ်ထားတဲ့ဆန်၊ ပါစတာ၊ သန့်စင်ထားတဲ့ ဂျုံတွေကလည်း သွေးတွင်းအဆီကို များစေပြီး အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။

  • ပြည့်ဝဆီတွေ

အဆီများတဲ့ အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေ (ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း)၊ ထောပတ်၊ အဆီပြည့်ချိစ်၊ ဒိန်ချဉ် စတာတွေကလည်း ပြည့်ဝဆီက အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ! အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ စားစရာတွေက ဘာတွေဖြစ်မလဲ!

  • ဆီကြော်စာတွေ

အာလူးချောင်းကြော်၊ ကြက်ကြော်၊ အာလူးကြော်တွေ အဆာပြေစားစရာ အကြော်အလှော်တွေကလည်း ပြည့်ဝဆီတွေ ပါဝင်မှုများပြီး အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။

  • ပြုပြင်ထားတဲ့ အစားအစာတွေ

အေးခဲထားတဲ့ အစားအစာတွေ၊ ဆီသွတ်ဘူးတွေနဲ့ ဆားပါဝင်မှု များတဲ့ အစားအစာတွေ၊ ခရက်ကာတွေနဲ့ ဘီစကစ်၊ ကွတ်ကီး စတာတွေကလည်း အဆီပါဝင်မှုနဲ့ အငန်ပါဝင်မှုများတာကြောင့် အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်ပါတယ်။

  • အရက်၊ ဘီယာ

အရက်၊ ဘီယာ၊ ဝိုင်တွေက အသည်းကို ရောင်ရမ်းစေတာ၊ အဆီဖုံးတာနဲ့ အသည်းပျက်စီးတာတွေကို ဖြစ်စေနိုင် ပါတယ်။

အသည်းကျန်းမာစေဖို့ ဘာစားရမလဲ!

အသည်းအဆီဖုံးနိုင်ခြေကို လျှော့ချနိုင်ဖို့နဲ့ အသည်းကျန်းမာစေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ - 

  • နှံစားသီးနှံတွေ   - ဆန်လုံးညို၊ အုတ်ဂျုံ နဲ့ ပေါင်မုန့်ညို၊ ပေါင်မုန့်ကြမ်း စတာတွေကို စားပေးလို့ ရပါတယ်။
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ - အမျှင်ဓာတ် ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ အသီးအရွက်အရောင်စုံစုံလင်လင်တွေကို စားပေးတာကလည်း သွေးတွင်းအဆီကို ကျဆင်းစေပြီး အသည်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
  • ကျန်းမာရေးနဲ့ညီတဲ့ အဆီ - သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို စားပေးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို ရရှိစေပြီး အသည်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • အဆီနည်းတဲ့ ပရိုတင်း - အဆီပါဝင်မှုနည်းတဲ့ ငါးတွေ၊ ပင်လယ်ငါးတွေ၊ ပဲအမျိုးမျိုးနဲ့ ပဲနီလေးတွေကို စားပေးတာကလည်း အသည်းအဆီဖုံးနိုင်ခြေကို လျှော့ချပေးနိုင်သလို အသည်းကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင် များသောအားဖြင့်ကတော့ အသည်းအဆီဖုံးတာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေကတော့ သကြားတွေ၊ ပြည့်ဝဆီတွေနဲ့ သန့်စင်ထားတဲ့ ကစီဓာတ်တွေနဲ့ အယ်လ်ကိုဟောစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ နေ့စဉ်စားသုံးမှုမှာ ဆန်လုံးညို၊ အုတ်ဂျုံ၊ အသီးအရွက်နဲ့ ငါးစတာတွေကို စားပေးဖို့ အကြံပြုလိုက်ပါရစေ။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!