ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့  မွေးမြူသင့်တဲ့ အလေ့အထများ
အထွေထွေ

ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထများ

Admin

📅 20.08.2025
နေ့စဉ်တိုင်းမှာ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်စေဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ ဦးနှောက်ပါ။ ဦးနှောက်ကျန်းမာဖို့ဆိုရင် ဦးနှောက်မှာပါဝင်ဖွဲ့စည်းထားတဲ့ ဆဲလ်လေးတွေ ကျန်းမာစေဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထများကို မျှဝေပေးလိုက်ပါတယ်။

ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့  မွေးမြူသင့်တဲ့ အလေ့အထများ

ဦးနှောက်ဆဲလ်တွေကို ကျန်မာစေဖို့ဆိုရင်တော့ နေ့စဉ်တိုင်းမှာ အာဟာရပြည့်ဝအောင် စားသုံးတာ၊ အိပ်ရေးဝဝ အိပ်တာအပြင် ပုံမှန်လှုပ်ရှားမှုလေးတွေ ရှိအောင် ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတော့ ဦးနှောက်ဆဲလ်လေးတွေ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထလေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်။
  • ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ
တစ်ပတ်တာကို မိနစ် ၃၀ ထက်မနည်း ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက ဦးနှောက်ဆီကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ နေ့စဉ် လမ်းလျှောက်ပေးလို့ ရသလို ရေကူးတာ၊ ယောဂလေ့ကျင့်တာတွေလုပ်ပေးလို့ လည်း ရပါတယ်။ 
  • အာဟာရပြည့်ဝမျှတအောင် စားပေးပါ
နေ့စဉ်စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေ၊ ငါးတို့ကို စားသုံးပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ Omega-3 Fatty Acids ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေက ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • အိပ်ရေးဝဝ အိပ်ပါ
ညစဉ်တိုင်းမှာ အိပ်ချန် ၇ နာရီ ကနေ ၈ နာရီကြား ရှိအောင် အိပ်ဖို့ လိုပါမယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန်တွေက ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ညတိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိပေးပါ။ 
  • လူမှုဆက်ဆံရေးကောင်းတွေ ဖန်တီးပါ
သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မပြတ်ဘဲနေပေးပါ။ ဒီလို နေပေးတာက ဦးနှောက်ဆဲလ် တွေ ကျန်းမာစေဖို့ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေက ဦးနှောက် ကျန်းမာစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။
  • ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးပါ
ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးပါဆိုလို့ အလေးမတာ၊ ပြေးတာမျိုး မဟုတ်ပါဘူး။ စဉ်းစားရတဲ့ ဂိမ်းလေး တွေ ဆော့တာ၊ စာဖတ်တာမျိုးတွေနဲ့ အသစ်အသစ်တွေကို လေ့လာသင်ယူတာတွေကို လုပ်ဆောင် ပေးလို့ ရပါတယ်။ 
  • ဦးခေါင်းကို ကာကွယ်ပါ
ဦးခေါင်းကို ထိခိုက်မိတာတွေ မဖြစ်စေဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တာ၊ စက်ဘီးစီးတာ၊ စကိတ်စီးတာမျိုးတွေ လုပ်တဲ့အခါမျိုးမှာ ခေါင်းထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့် helmet ကို ဆောင်းပေးပါ။
  • အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ 
အရက်နဲ့ဆေးလိပ်၊ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲတာကက ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပြီး သိမြင်မှုစွမ်းရည်ကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာပါ။ ဒါကြောင့် ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။  ဒီအလေ့အကျင့်လေးတွေကို မွေးမြူပေးမယ်ဆိုရင်တော့ ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေမှာ ဖြစ်သလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ သိမြင်မှုစွမ်းရည် ကျဆင်းလာတာကိုလည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ။
Lotoshinn ရဲ့ စကားလက်ဆောင် ဦးနှောက်ဆိုတာက အတွေးတွေ၊ လှုပ်ရှားမှုတွေ၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပေးတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ ဒါကြောင့် နေ့စဉ်ဘဝမှာ ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ့် အလေ့အထလေးတွေကို မွေးမြူဖို့ အကြံပြုလိုက်ပါရစေ။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!