ဩဇာရွက် ကျန်းမာရေးကောင်းကျိုးရှိမလား!
ဩဇာရွက် ကျန်းမာရေးကောင်းကျိုးရှိမလား! ဆိုတော့ ဩဇာရွက်မှာ ဓာတ်တိုးဆန့်ကျင်စ္စည်း ကြွယ်ဝသလို ဖလေဗာနွိုက်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။- သွေးပေါင်ထိန်းညှိပေးနိုင်တယ်
- နှလုံး ကျန်းမာစေနိုင်တယ်
- အစာကြေစေနိုင်တယ်
- ကိုယ်ခံအား ကောင်းစေနိုင်တယ်
- အသည်း ကျန်းမာစေတယ်
- အရောင်ကျစေနိုင်တယ်
- အနာကျက်စေနိုင်တယ်
- သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်တယ်
ဒါလေးတွေ သတိထားပေးပါ
ဩဇာရွက်က ကျန်းမာရေး ကောင်းကျိုးများတယ်ဆိုပေမယ့် ရေနွေးကြမ်းအနေနဲ့ သောက်မယ်ဆိုရင် တစ်နေ့ကို တစ်ခွက်ပဲ သောက်ဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံ တစ်ခုခု ရှိသူတွေအနေနဲ့ မသောက်သုံးသင့်ပါဘူး။Lotoshinn ရဲ့ စကားလက်ဆောင် ဩဇာရွက်က ကျန်းမာရေး ကောင်းကျိုးများပေမယ့် ရောဂါအခံ ရှိမယ်။ ကိုယ်ဝန်ဆောင်မိခင် ဖြစ်မယ်။ နို့တိုက်မိခင်ဖြစ်မယ်ဆိုရင်တော့ မသောက်သင့်ပါဘူး။ ပုံမှန်သူတွေအနေနဲ့လည်း အလွန်အကျွံ မသောက်သင့်ပါဘူး။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!