တစ်ယောက်ယောက်ကို တွေ့လိုက်ချိန်မှာ မျက်ကွင်းညိုနေမယ်ဆိုရင် ရုတ်တရက်မေးမိနိုင်တာက အိပ်ရေးပျက်လို့လား ဆိုတာဟုတ် … မျက်ကွင်းညိုတာက အိပ်ရေးပျက်တာကြောင့် ဖြစ်နိုင်သလို တစ်ခါလေမှာ အိပ်ရေးပျက်တာထက် ပိုနေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နေနိုင်တာမို့ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ဘာကြောင့် မျက်ကွင်းညိုရတာလဲ!
မျက်ကွင်းညိုတယ်ဆိုတာက မျက်လုံးတဝိုက် အသားအရေက အညိုရောင်ဖြစ်နေတာပါ။ မျက်ကွင်းညိုစေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ အတွေ့ရများတဲ့ အကြောင်းအရင်းကတော့ -
မျက်လုံးတဝိုက်က သွေးကြောတွေ ကျယ်လာတာ
မျက်လုံးတဝိုက်က သွေးကြောလေးတွေ ကျယ်လာတာကြောင့်လည်း မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
အိပ်ရေးပျက်တာ
ပုံမှန်ထက် အိပ်ရေးပျက်တာများမယ်ဆိုရင်လည်း မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
မျိုးရိုးလိုက်တာ
မျိုးရိုးလိုက်တာကြောင့်လည်း မျက်ကွင်းညိုတာကို ခံစားရတာမျိုး ရှိနိုင်ပါတယ်။
နေရောင်ကြောင့် အရေပြားထိခိုက်တာ
နေရောင်နဲ့ ထိတွေ့မှု များတာကြောင့် အရေပြားထိခိုက်ပျက်စီးတာမျိုးကြောင့်လည်း မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
အရေပြား ပါးတာ
အရေပြားက ပုံမှန်ထက် ပါးတာမျိုးဖြစ်မယ်ဆိုရင်လည်း မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
Screen Time များလွန်းတာ
ဖုန်းတွေ၊ ကွန်ပျူတာတွေကို အသုံးပြုချိန် အရမ်းများနေတဲ့ အခါမျိုး၊ အိပ်ချိန်နဲ့ကပ်ပြီး Screen Time အများကြီး ရှိနေတာမျိုးဆိုရင်လည်း မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
နှာခေါင်းပိတ်တာ
နှာခေါင်းပိတ်တာ၊ အသက်ရှူရခက်တာမျိုး ခံစားနေရမယ်ဆိုရင်လည်း မျက်ကွင်းညိုတာကို လက္ခဏာတစ်ခုအနေနဲ့ ခံစားရနိုင်ပါတယ်။
နာတာရှည် ဓာတ်မတည့်မှု ခံစားနေရတာ
နာတာရှည် ဓာတ်မတည့်တာကို ခံစားနေရမယ်ဆိုရင်လည်း အကျိုးဆက်အနေနဲ့ မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
ရေဓာတ်ခမ်းခြောက်တာ
ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာ မရရှိတာ၊ ရေလုံလောက်အောင် မသောက်မိတာ၊ ကဖင်းနဲ့ အယ်လ်ကိုဟောတွေ အသောက်များတာကြောင့်လည်း ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်ပြီး မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
အသက်အရွယ်ကြီးရင့်လာတာ
အသက်အရွယ်ရလာတာကြောင့်လည်း မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
ဗီတာမင် ချို့တဲ့တာ
သံဓာတ်၊ ဗီတာမင် B12 နဲ့ ဗီတာမင် K ချို့တဲ့မယ်ဆိုရင်လည်း သွေးထဲမှာ အောက်ဆီဂျင်စီးဆင်းမှု လျော့နည်းပြီး မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
ဦးနှောက်မှာ ထိခိုက်မိထားတာ
ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိတာကြောင့် ဦးနှောက်တွင်း သွေးယိုစီးတာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကို ခံစားရချိန်မှာလည်း မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
တစ်ရှူးတွေထဲမှာ ပုံမှန်မဟုတ်တဲ့ ပရိုတင်းစုနေတာ
ဖြစ်ခဲတဲ့ အခြေအနေ တစ်ရပ်ဆိုပေမယ့် တစ်ရှူးတွေထဲမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်ကြောင့်လည်း သွေးကြောတွေ လျော့ရဲလာပြီး မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
ကင်ဆာရောဂါတွေ
အချို့သော ကင်ဆာရောဂါတွေကြောင့်လည်း မျက်ကွင်းညိုတာကို ခံစားရနိုင်ပါတယ်။
Lotoshinn ရဲ့ စကားလက်ဆောင်
မျက်ကွင်းညိုတာက အိပ်ရေးပျက်တာကြောင့် အဖြစ်များတယ်ဆိုပေမယ့် မျိုးရိုးလိုက်တာ၊ Screen Time များတာ၊ ရေဓာတ်မလုံလောက်တာလိုမျိုး နေ့စဉ်အလေ့အထတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာလည်း ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ အချက်ပြလက္ခဏာတွေ ဖြစ်နေနိုင်တာကြောင့် ခပ်ပေါ့ပေါ့ မတွေးဘဲ သေချာလေး ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!