Busy Morning မှာ Hurry up! ကြောင့် စိတ်ပင်ပန်းမှု ကင်းစေဖို့
အထွေထွေ

Busy Morning မှာ Hurry up! ကြောင့် စိတ်ပင်ပန်းမှု ကင်းစေဖို့

Admin

📅 26.10.2024
အလုပ်ခွင် ဝင်ရောက်နေရတယ်။ အိမ်မှုကိစ္စတွေနဲ့ အခြားသော ဗာဟီရကိစ္စ အဝဝကိုလည်း လုပ်ရသူတွေအဖို့ အချိန်မလေးစားလို့လည်း မဟုတ်။ အလုပ်တွေနဲ့ သူ့အနီးက ရှိသူတွေကို ဂရုမစိုက်လို့လည်း မဟုတ်ဘဲ လုပ်နေရင်းနဲ့ အလုပ်တွေကမပြီးဘဲ ဖြစ်နေတဲ့ Busy Morning တွေမှာ ပြေးလွှားရင်း Hurry up ဖြစ်တဲ့အခါ ကိုယ်တိုင်လည်း အတော်လေး စိတ်ပင်ပန်းစရာ ကောင်းသလို အခြားသူတွေ သူ့ကို မြင်နေရသူတွေ အတွက်လည်း မသက်သာတာတော့ အမှန်ပါ။  ဒီအခြေအနေကို အကောင်းဆုံး ဘယ်လိုဖြေရှင်းရမလဲ မသိဘူး ဖြစ်နေပြီဆိုရင်တော့ ကိုယ်တိုင် ဖြေရှင်းနည်း လေးကို မျှဝေပေးချင်ပါတယ်။ 

Busy Morning မှာ Hurry up! ကြောင့် စိတ်ပင်ပန်းမှု ကင်းစေဖို့

Busy Morning မှာ Hurry up! ကြောင့် စိတ်ပင်ပန်းမှု ကင်းစေဖို့ ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးတည့်စေမှာပါ။
  • အိပ်ရာစောစောဝင်ပါ
ညဘက်တွေမှာ အိပ်ရာစောစောဝင်ပါ။ စောစောအိပ်ပါလို့ ပြောရတာက ညဘက်မှာ စောစောလေး အိပ်လိုက်တာက မနက်ကို စောစော ထဖြစ်စေပြီး အလုပ်တွေကို စောစောလေး လုပ်ဖြစ်နိုင်လို့ပါ။ ဒါကြောင့် မနက်ခင်းမှာ မောပန်းနိုင်ခြေကို လျှော့ချဖို့ ညဘက်တွေမှာ အိပ်ရာစောစောဝင်ပါ။
  • မနက်ကို ရုံးသွားမယ့်အချိန်ထက် ၃ နာရီလောက် စောထပါ
မနက်ပိုင်းမှာ ရုံးကို အချိန်မီသွားနိုင်ဖို့နဲ့ အချိန်ကိုက် အလုပ်တွေ ပြီးစေဖို့ဆိုရင် မနက်ခင်းမှာ အိပ်ရာစောစောထပါ။ ဒီလိုမျိုး စောစောထပြီး လုပ်စရာတွေကို အချိန်ဆွဲမနေဘဲ တစ်ခုချင်း ပြီးအောင် လုပ်ဆောင်သွားပါ။
  • အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ထားပါ
အတွင်းခံတွေကစလို့ အဝတ်တွေကို ဗီရိုထဲမှာ သေချာလေး စီစီရီရီ ထည့်ထားပါ။ ဒါမှ ဝတ်ချင်တဲ့ အဝတ်ကို အချိန်မကုန်ဘဲ ရှာတွေ့တော့ အချိန်ပိုလေး ထွက်လာမှာပါ။
  • အိတ်ကို ညကတည်းက စစ်ထားပါ
ရုံးသွားရင် ယူသွားမယ့် အိတ်ထဲမှာ ပါရမယ့် ပစ္စည်းလေးတွေ စုံရဲ့လား။ မနက်ကို ဘာတွေယူသွားရမယ် ဆိုတာကို မအိပ်ခင်ကတည်းက သေချာလေး စစ်ပြီးထည့်ထားပါ။ လေဒီလေးတွေဆိုရင် လစဉ်သုံးကစလို့ တစ်ကိုယ်ရေသုံးလိုအပ်မယ့် အရာလေးတွေကိုပါ ပြင်ဆင်ဖို့မမေ့ပါနဲ့။
  • အချိန်ကို သတိထားပါ
အိပ်ရာထချိန်ကစလို့ ဘယ်အချိန်မှာ ဘာပြီးရမယ်ဆိုတာကို အချိန်ကိုက်လေး လှုပ်ရှားနိုင်ဖို့ နာရီကို အလွယ်တကူ လှမ်းမြင်ရမယ့် နေရာမှာထားပြီး အလုပ်တစ်ခုပြီးတိုင်းမှာ အချိန်ကို ကြည့်ဖို့ မမေ့ပါနဲ့။ ဒါမှ အမြန်လုပ်သင့်တာကို လုပ်ရမှာလေ။ ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်သွားမယ်ဆိုရင် Busy Morning မှာ Hurry up! ကြောင့် စိတ်ပင်ပန်းရတာကို တဖြည်းဖြည်းချင်း လျှော့ချလာနိုင်မှာပါ။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!