Green Tea ကို ကျန်းမာရေးနဲ့ ညီအောင် ဒီလိုသောက်ပါ
အထွေထွေ

Green Tea ကို ကျန်းမာရေးနဲ့ ညီအောင် ဒီလိုသောက်ပါ

Admin

📅 18.06.2024
Green Tea ဆိုတာကို အထူးတလည် မိတ်ဆက်ပေးစရာ မလိုဘဲ တော်တော်များများ သိထားပြီ ဖြစ်မှာပါ။ လက်ဖက်စိမ်းရေနွေးကြမ်းလို့ ခေါ်ကြတာမျိုးရှိသလို green tea လို့ပဲ ခေါ်ကြတာမျိုးလည်း ရှိပါတယ်။ ဒီလိုမျိုး Green Tea လို့ သိထားကြတဲ့ လက်ဖက်ခြောက်ဟာ ရုက္ခဗေဒအမည် Camellia sinensis လို့ဆိုတဲ့ လက်ဖက်ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Oo Long Tea နဲ့ black tea ဆိုတာတွေလည်း လက်ဖက်ရွက်ကနေပဲ ထုတ်လုပ်ထားပြီး ပြုလုပ်တဲ့အဆင့်ပဲ ကွာခြားသွားတာပါ။ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာ၊ သွေးတွင်းအဆီကို လျှော့ချပေးတာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တာ စတဲ့အကျိုးကျေးဇူးတွေ ရရှိတယ်ဆိုတာကြောင့် Green Tea သောက်ရင်  ကျန်းမာမယ်လို့ အားလုံးက သိရှိလက်ခံထားကြပြီး ဖြစ်မှာပါ။ ဒီလိုဆိုတော့ နေ့တိုင်း Green Tea ကို များများသောက်နိုင်လေ၊ ပိုကောင်းလေလား လို့ မေးစရာ ရှိနိုင်ပါတယ်။ ဒီလိုတော့လည်း မဟုတ်ပါဘူး။ တန်ဆေး လွန်ဘေးတိုတာကလည်း ရှိသေးတယ်လေ။ နောက်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မှာ ကျန်းမာရေးအခံချင်းကလည်း မတူဘူးဆိုတော့ Green Tea ကို လိုတာထက် ပိုမသောက်မိဖို့တော့ လိုပါမယ်။

Green Tea ကို ကျန်းမာရေးနဲ့ ညီအောင် ဒီလိုသောက်ပါ

ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ Green Tea ကို ကောင်းကျိုးတွေပဲ ရပြီး ဘေးထွက်ဆိုးကျိုးတွေ မခံစားရစေဖို့ ဆိုရင် တစ်နေ့ကို ၄ ခွက်လောက်ထိပဲ သောက်တာကောင်းပါမယ်။ ဒီလိုပြောရတာက Green Tea က ကောင်းကျိုးများတယ် ဆိုပေမယ့် လက်ဖက်ရည်ကြမ်းပဲ ဖြစ်တာကြောင့် လက်ဖက်ရည်ကြမ်းမှာ ပါတတ်တဲ့ ကဖင်းကတော့ ပါနေမှာပါ။ ကဖင်းကို  အတန်အသင့်စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အလွန်အကျွံ သောက်မိမယ်ဆိုရင်တော့ အခုလို ဆိုးကျိုးလေးတွေ ရှိနိုင်ပါတယ်။ သံဓာတ်စုပ်ယူမှု ထိခိုက်မယ် Green tea မှာ ပါဝင်တဲ့ တန်နင်ဆိုတဲ့ ဓာတ်ပစ္စည်းဟာ သင့်ကိုယ်ခန္ဓာကနေ သံဓာတ်စုပ်ယူမှုကို လျော့နည်းစေပါတယ်။ တော်သင့်ရုံသောက်သုံးခြင်းဟာ ပြဿနာမရှိပေမယ့် စွဲစွဲမြဲမြဲသောက်သုံးနေတာမျိုး အများကြီးသောက်မိနေတာမျိုး ရှိမယ်ဆိုရင် သတိထားဖို့ လိုပါမယ်။ အထူးသဖြင့်ကတော့ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါရှိသူတွေ၊ သက်သတ်လွတ်စားသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဓမ္မတာကာလကြုံနေသူ အမျိုးသမီးတွေ၊ ကလေးငယ်တွေဟာ green tea ကို အထူးသတိပြုသောက်သုံးသင့်ပါတယ်။ ကဖင်းရဲ့ သက်ရောက်မှု အတိုင်းအတာ  Greent tea မှာလည်း ကဖင်းဓာတ်ပါဝင်တာမို့ လွန်ကဲစွာသောက်သုံးရင် စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း၊ ဗိုက်ထဲမှာ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကဖင်းအများအပြား သောက်သုံးမိရင် ကလေးမှာ မွေးရာချို့ယွင်းချက် ဖြစ်ပေါ်နိုင်ခြေရှိသလို ၊ ကလေးပျက်ကျနိုင်ခြေ မြင့်စေနိုင်ပါတယ်။ သုတေသနတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တစ်နေ့ကို ကဖိန်းဓာတ် ၃၀၀ မီလီဂရမ်အထက် မကျော်လွန်သင့်ဘူးလို့ ဆိုပါတယ်။ Green tea တစ်ခွက်မှာတော့ ပျမ်းမျှအားဖြင့် ကဖင်းဓာတ် ၂၀နဲ့ ၄၀ မီလီဂရမ်အကြား ပါဝင်နေလို့ အများကြီး မသောက်မိဖို့ လိုပါမယ်။

တစ်နေ့ ဘယ်လောက် သောက်လို့ ရမလဲ!

အပေါ်မှာ ပြောခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ လွန်ကဲစွာ သောက်သုံးရင် ခံစာရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ ဒါကြောင့်  green tea ကို ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ ကျန်းမာအောင် သောက်သုံးချင်တယ်ဆိုရင်တော့ ကျန်းမာတဲ့ လူတစ်ယောက် အနေနဲ့ တစ်နေ့တာကို ၃ ခွက် ကနေ ၅ ခွက်လောက်အထိပဲ သောက်သင့်ပါတယ်။ Green Tea ကို ဘယ်လောက်သောက်သင့်သလဲ ဆိုတာကို သိသွားပြီ ဆိုတော့ Green tea ကို သင့်တင့်မျှတစွာ သောက်သုံးရင်း green tea သောက်ရင်း ရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေကို ရယူလိုက်ပါ။
# သတင်းစကား
သုတေသနရလဒ်တွေအရ ထမင်းစားနေတုန်း လက်ဖက်ရည်ကြမ်း သောက်သုံးတာက သံဓာတ်စုပ်ယူမှုကို ၃၀-၆၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ ဒါကြောင့် သံဓာတ်အခံ အားနည်းသူများ၊ သွေးအားနည်းသူများဟာ ထမင်းစားနေစဉ်မှာ လက်ဖက်ရည်ကြမ်း မသောက်သုံးသင့်ပါဘူး။ အစာစားပြီး နှစ်နာရီလောက်ခြားပြီးမှ လက်ဖက်ရည်ကြမ်း သောက်သင့်တယ်လို့ ဆိုပါတယ်။ အပြန်အလှန်ဆိုရရင် လက်ဖက်ရည်ကြမ်းသောက်ထားချိန်မှာလည်း တစ်နာရီလောက်နေပြီးမှ ထမင်းစားသင့်တယ်လို့ ဆိုပါတယ်။

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!