လက္ခဏာများနှင့် ဖြစ်စေနိုင်တဲ့ အခြေအနေများ
Norovirus ရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ! ခန္ဓာကိုယ်မှာ နိုရိုဗိုင်းရပ်စ် ကူးစက်ခံနေရပြီဆိုရင် ရောဂါပိုးနဲ့ ထိတွေ့မိပြီး ၁ ရက်ကနေ ၃ ရက်အကြာမှာ ၁၂ နာရီကနေ ၄၈ နာရီ အထိ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။- မအီမသာဖြစ်တာ
- အော့အန်တာ
- ဝမ်းပျက်ဝမ်းလျှောဖြစ်တာ( ဝမ်းအရည်တွေ သွားတာ)
- ဗိုက်အောင့်တာ မျိုးတွေအပြင်
- ခေါင်းကိုက်တာ
- အဖျားတက်တာ
- ကိုယ်လက်ကိုက်ခဲတာ
- ရောဂါပိုး ရှိနေတဲ့ မျက်နှာပြင်တွေ ပစ္စည်းတွေကို ထိတွေ့မိတဲ့ လက်နဲ့ ပါးစပ်၊ နှာခေါင်း စတာတွေကို ထိတွေ့မိတာ
- ရောဂါပိုးရှိနေတဲ့ အစားအသောက်တွေ သောက်စရာတွေကို သောက်မိစားမိတာ
- ရောဂါပိုး ကူးစက်ခံထားရသူနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံတာမျိုးတွေပါ။
- ရောဂါပိုးရှိသူနဲ့ ထိတွေ့မိတဲ့အခါမျိုး
- မျိုးဗီဇအရကိုက နိုရိုဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ များနေတာမျိုးတွေပါ။
- ခံတွင်းခြေက်တာ
- အားနည်းတာ
- မူးဝေတာ
- ခေါင်းကိုက်တာ မျိုးတွေ ခံစားရနိုင်ပါတယ်။
- ငိုပေမယ့် မျက်ရည်မထွက်တာ
- တအီအီနဲ့ ဂျီကျနေတာ
- မအိပ်တာ (အိပ်မပျော်တာ) မျိုးတွေ ခံစားရနိုင်ပါတယ်။
- အရည်များများ သောက်ပါ ( ဓာတ်ဆားရည်၊ အုန်းစိမ်းရည်နဲ့ ကြက်စွပ်ပြုတ်တွေ သောက်ပေးလို့ ရပါတယ်)
- ပြည့်ပြည့်ဝဝ အနားယူပါ
- အစာကြေလွယ်ပြီး အာဟာရဖြစ်မယ့် အရာတွေကို စားပါ
- တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
- လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပါ။
ကာကွယ်နည်း
Norovirus ဘယ်လိုကာကွယ်ကြမလဲ! Norovirus ကူးစက်ခံရနိုင်ခြေကို အခုလို နည်းလမ်းတွေနဲ့ ကာကွယ်လို့ ရပါတယ်။- လက်ကိုရေနဲ့ ဆပ်ပြာသုံးပြီး မကြာခဏဆေးကြောပါ
- အစားအစာတွေ မစားခင် သေချာလေး သန့်စင်ဆေးကြောပါ
- အစာအစာတွေကို မပြင်ဆင်ခင်မှာ လက်ကို သေချာဆေးကြောပါ
- အစားအစာတွေကို သေချာကျက်အောင် ချက်ပြုတ်ပါ
- ရောဂါပိုး ရှိသူနဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့
- အသုံးပြုနေတဲ့ ပစ္စည်းတွေ စားပွဲ၊ ကုလားထိုင် မျက်နှာပြင်တွေကို သေချာလေး ပိုးသတ်သန့်စင်ပါ
- အဝတ်အထည်တွေကို သေချာလျှော်ဖွတ်ပါ
- တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ရေအလွယ်တကူ မရနိုင်တဲ့ အခြေအနေမှာ လက်သန့်ဆေးရည်သုံးပါ။
| Norovirus | Rotavirus |
| Caliciviridae မျိုးစိတ် | Reoviridae မျိုးစိတ် |
| ကူးစက်ချိန် ၁ ရက်ကနေ ၃ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ | ကူးစက်ချိန် ၃ ရက်ကနေ ၈ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ |
| အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ | ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာ ဖြစ်နိုင်ခြေ နည်းပါတယ်။ |
| ကာကွယ်ဆေး မရှိပါဘူး။ | ကာကွယ်ဆေး ရှိပါတယ်။ |
လိုတိုရှင်းရဲ့ စကားလက်ဆောင် Norovirus ဆိုတာက ကူးစက်မြန်ပြီး အတွေ့ရများတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာလိုမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နိုရိုရဲ့ လက္ခဏာတွေက အထက်လန်အောက်လျှောနဲ့ လက္ခဏာတွေ ခပ်ဆင်ဆင် တူနေပါတယ်။ အနီးကပ်ထိတွေ့မှုတွေနဲ့ ရောဂါပိုးရှိနေတဲ့ အစားအစာတွေ သောက်ရေတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ လက်ရှိအချိန်ထိ ကာကွယ်ဆေးမရှိသေးပါဘူး။ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် နေထိုင်မကောင်း ဖြစ်တာက အများဆုံး ၃ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံရချိန်မှာ အစားမစားချင်တာမျိုး ဖြစ်နိုင်ပေမယ့် ခန္ဓာကိုယ်မှာ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ ဓာတ်ဆားရည်ကို နိုင်နိုင်သောက်ရင်း အာဟာရဖြစ်ပြီူ အစာကြေလွယ်မယ့် စားစရာလေးတွေကို နည်းနည်းချင်းနဲ့ အကြိမ်ရေ များများ စားပေးပါ။ နေထိုင်မကောင်းချိန်မှာ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်လို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!