ကန်စွန်းရွက် က ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးသလဲ
အထွေထွေ

ကန်စွန်းရွက် က ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးသလဲ

Admin

📅 28.08.2022
ကန်စွန်းပလိန်း ပူပူလေးကိုပဲဖြစ်ဖြစ်၊ မှိုကန်စွန်းကြော်လေးကိုပဲ ဖြစ်ဖြစ် ကန်စွန်းရွက် နဲ့ဖန်တီးထားတဲ့ ဟင်းအမယ်တွေကို ထမင်းပူပူလေးနဲ့ တွဲစားရတာက အတော်လေး အရသာရှိပါတယ်။ ဒီလို စားရတာ အရသာရှိလှတဲ့ ကန်စွန်းရွက်လေးက ကျန်းမာရေးအတွက် ဘယ်လိုများ ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကန်စွန်းရွက် ဆိုတာ ကန်စွန်းရွက် ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို အရွက် ဖားဖားနဲ့ အရိုးပွပွ ကန်စွန်းတွေလည်း ရှိပါတယ်။ ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး မြေကြီးမှာ ပေါက်တဲ့ ကန်စွန်းလည်း ရှိပါတယ်။ အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပြီး အဆိပ်အတောက်ကို ပြေစေတဲ့ အရွက် တစ်မျိုးအဖြစ် ရှေးယခင်ကာလတွေကတည်းက မှတ်ယူအသုံးပြုခဲ့ကြတာပါ။ ကန်စွန်းရွက် မှာပါတဲ့ အာဟာရဓာတ်တွေ စားလို့ ကောင်းပြီး ထမင်းမြိန်တဲ့ ကန်စွန်းရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
  • ပရိုတင်း
  • ဗီတာမင် A
  • ဗီတာမင် B1
  • ဗီတာမင် B2
  • ဗီတာမင် B3
  • ဗီတာမင် B5
  • ဗီတာမင် B6
  • ဗီတာမင် B9
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • မဂ္ဂနိ့
  • ဖော့စဖရိတ်
  • ပိုတက်ဆီယမ်
  • ဆိုဒီယမ်
  • ဇင့် တို့ ပါဝင်နေပါတယ်။
ကန်စွန်းရွက် ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးသလဲ ကန်စွန်းရွက် ကျန်းမာရေးအတွက် အခုလို ထောက်ကူပေးပါတယ်။ သွေးအားကောင်းစေတယ် ကန်စွန်းရွက် မှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးအားနည်းရောဂါကို ကာကွယ်ပေးသလို သွေးအားနည်းတတ်သူတွေလည်း စားပေးလို့ ရပါတယ်။ e74ab35490 ကင်ဆာ ကာကွယ်ပေးတယ် အစိမ်းရောင် ဟင်းသီးဟင်းရွက် အများစုက ကင်ဆာ ကာကွယ်ပေးသလို ကန်စွန်းရွက်ကလည်း ကင်ဆာ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆံသား ကျန်းမာစေနိုင်တယ် ကန်စွန်းရွက်မှာ phytochemicals နဲ့ ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေနိုင်တဲ့ အာဟာရဓာတတ်တွေ များစွာ ပါဝင်နေပါတယ်။ စားပေးလို့ ရသလို ဆံပင်နဲ့ ဦးရေပြားကို တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။ ဆံပင်မကျွတ်အောင် ကာကွယ်ပေးပါတယ်။ ညအိပ်ပျော်စေနိုင်တယ် ကန်စွန်းရွက် က ညအိပ်မပျော်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဇင့်ဓာတ် ကြွယ်ဝာာကြောင့် အာရုံကြောတွေကို ပြေလျော့စေပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်တယ် ကန်စွန်းရွက်မှာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ သန်ကျစေနိုင်ပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေနိုင်ပါတယ်။ အရေပြား ကျန်းမာစေနိုင်တယ် ကန်စွန်းရွက်က အခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေလိုပဲ အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်စေသလို ဝက်ခြံတွေလည်း ကင်းစေပါတယ်။ မျက်လုံးတွေ ကျန်းမာစေနိုင်တယ် ဗီတာမင် A ပါဝင်နေတာကြောင့် မျက်လုံးတွေကို ကျန်းမာစေပြီး အမြင်အာရုံ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝမှုကလည်း မျက်လုံးတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အသည်း ကျန်းမာစေတယ်။ ကန်စွန်းရွက်က အသည်းရဲက လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အသည်းကို ဝင်ရောက်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ဓာတုပစ္စည်းတွေကြောင့် အသည်းထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ် ဓာတ်တိုးပစ္စည်းတွေက ဆဲလ်တွေကို ထိခိုက်စေနိုက်သလို နာတာရှည် ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ကန်စွန်းရွက်က ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဆီးချို ကာကွယ်ပေးတယ် ဆီးချိုရှိသူတွေအနေနဲ့ ကန်စွန်းရွက် စားပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေးသားသူ - မွန်မွန်

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!