“ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းက ပျော်ရွှင်မှုနဲ့ ယုံကြည်မှုရစေဖို့ အဓိကကျတဲ့ အချက်တစ်ခုပါ။”တော်တော်များများက အခြားသူတွေကို ချစ်ပေး ဂရုစိုက်ပေးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက ကိုယ့်ကိုယ်ကိုယ် ချစ်တာကို တစ်ကိုယ်ကောင်းဆန်တာလို့ ယူဆနေတာကြောင့်လည်း ပါပါတယ်။ တကယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တာက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘဲ ပျော်ရွှင်မှု၊ ယုံကြည်မှုရှိမှုနဲ့ အလိုဆန္ဒပြည့်ဝခြင်းတွေရဲ့ အခြေခံအကျဆုံး အုတ်မြစ်တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် စတင်သင်ယူတာက ကောင်းမွန်တဲ့ အရာတွေကို ဖြစ်လာစေဖို့ မှန်ကန်တဲ့ အစပြုမှု တစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုက အရာလုံးကို ကောင်းမွန်စေမယ့် အစပြုမှုတစ်ခုပါ
ဟုတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုက ပိုမိုကောင်းမွန်တဲ့ နေ့စဉ်ဘဝဆီကို ရောက်ရှိစေနိုင်မယ့် ကောင်းမွန်တဲ့ အစပြုမှု တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တာက အခုလို ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။- စိတ်ကျန်းမာရေး ပိုကောင်းလာမယ်
- ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာမယ်
- ခံနိုင်ရည်ပိုရှိလာမယ်
- Motivation ပိုကောင်းလာမယ်
- ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ ပိုင်ဆိုင်နိုင်စေမယ်
- Healthy Boundary ထားတတ်စေမယ်
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် လုပ်ယူပါ
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့သူ ဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့် နည်းလမ်းတွေကို လိုက်နာဖို့ လိုပါမယ်။- ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်ပါစေ
- ကိုယ့်ရဲ့ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးကို ဂရုစိုက်ပါ
- ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်တာ၊ အဆိုးမြင်တဲ့ အတွေးတွေကို ဖယ်ရှားပါ
- မလုပ်နိုင်တာကို မလုပ်နိုင်ဘူး ပြောတတ်ဖို့ လေ့ကျင့်ထားပါ
- ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ
- ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပါ
- အကောင်းမြင်တတ်သူတွေနဲ့ အချိန်ကုန်ဆုံးပါ။
Lotoshinn ရဲ့ စကားလက်ဆောင် ကိုယ့်ကိုယ်ကိုယ် ချစ်တာက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘဲ ပျော်ရွှင်မှု၊ ယုံကြည်မှုရှိမှုနဲ့ အလိုဆန္ဒပြည့်ဝခြင်းတွေရဲ့ အခြေခံအကျဆုံး အုတ်မြစ်တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် စတင်သင်ယူတာက ကောင်းမွန်တဲ့ အရာတွေကို ဖြစ်လာစေဖို့ မှန်ကန်တဲ့ အစပြုမှု တစ်ခုပါ။ ဒါကြောင့် နေ့စဉ်တိုင်းမှာ အခြားသူတွေကို ချစ်ပေးသလို ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဖို့ မမေ့ပါနဲ့။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!