ခုနောက်ပိုင်းမှာ ကိုယ်ခံအားစနစ်ဟာ အလွန်အရေးပါတယ်ဆိုတာကို လူတိုင်းနီးပါ သိနားလည်လာကြပါပြီ။ ကိုယ်ခံအားစနစ်ဟာ လူတစ်ဦးချင်းစီရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် အထူးအရေးပါ အရာရောက်ပြီး လွယ်လင့်တကူ ကူးစက်ပျံ့နှံနိုင်တဲ့ ကူးစက်ရောဂါတွေရဲ့ ရန်ကနေ ကင်းဝေးနိုင်စေဖို့ အထူးအရေပါလှတဲ့ ခံတပ်ကြီးတစ်ခုပေါ့။
ကိုယ်ခံအားကောင်းမှ နေကောင်းကျန်းမာမယ်ဆိုတာကို သိကြပေမယ့် ဘယ်လိုအခြေအနေကို ကိုယ်ခံအားကောင်းတယ်လို့ သတ်မှတ်ပြီး ဘယ်လိုအခိုက်အတန့်ကို ကိုယ်ခံအားကျဆင်းလာနေတယ်လို့ ဆိုနိုင်မလဲ?
မိမိမှာ ဘယ်လိုအခြေအနေဆိုရင် ကိုယ်ခံအား ကောင်းမွန်နေတယ်၊ ဘယ်အနေအထားဆိုရင် ကိုယ်ခံအား ကျဆင်းအား ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ပိုပြီး အထောက်အကူဖြစ်စေလိမ့်မယ်မဟုတ်လား။ ဒါကြောင့် ကိုယ်ခံအားကောင်းမွန်တဲ့ လက္ခဏာတွေနဲ့ ကိုယ်ခံအား ကျဆင်းနေတဲ့ လက္ခဏာတွေကို ပြောပြပေးသွားပါမယ်နော်။
✅ကိုယ်ခံအားကောင်းမွန်နေတဲ့ လက္ခဏာများ ...
၁။ အစားစားချင်စိတ် မှန်နေမယ်
၂။ ဝမ်းဗိုက်ကျန်းမာနေမယ်
၃။ ပုံမှန်ရေသောက်ချင်စိတ်ဖြစ်မယ်
၄။ ဖျားနာဖြစ်ရင် ပျောက်ကင်းနှုန်းမြန်ဆန်မယ်
၅။ ကောင်းကောင်းအိပ်ပျော်မယ်
၆။ ပျော်ရွှင်တက်ကြွနေမယ်
❌ကိုယ်ခံအားကျဆင်းနေတဲ့ လက္ခဏများ ...
၁။ သာမန်ထက်ပိုပြီး စိတ်ဖိစီးမှုများနေမယ်
၂။ မကြာခန အအေးမိမယ်
၃။ ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ဝေဒနာတွေ မကြာခန ဖြစ်မယ်
၄။ အနာကျက်နှုန်းနှေးမယ်
၅။ ကူးစက်ရောဂါတွေ မကြာခန ဖြစ်မယ်
၆။ အချိန်တိုင်းနီးပါး ပင်ပန်းနေတယ်လို့ ခံစားနေရမယ်
ဒါတွေကို သိသွားချိန်မှာ မိမိရဲ့ ကိုယ်ခံအား ကောင်းမွန်တယ်/အားနည်းတယ်ဆိုတဲ့ လက္ခဏာတွေက အမှတ်မထင် မေ့လျော့နေမိတဲ့ လက္ခဏာတွေဆိုတာကို နားလည်သွားကြမယ်ထင်ပါတယ်။ နည်းနည်းလောက် ဂရုစိုက်ပြီး အာရုံစိုက်ထားလိုက်တာနဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်နေဖို့ ပိုမိုထောက်ကူနိုင်မယ်ဆိုတာကိုလည်း အကြံပြုပေးပါရစေ။
အထွေထွေ
ကိုယ်ခံအားကောင်းမကောင်း ဘယ်လို သိနိုင်မလဲ
Admin
📅 19.07.2024
0
Total Comments
Admin
ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။
မှတ်ချက်များ (0)
ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။
Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!