“ခံတွင်းကျန်းမာရေးဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကို လှစ်ဟပြနေတဲ့ မှန်တစ်ချပ်ပါပဲ။ အချို့သော သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာတွေက ကိုယ်တိုင်မသိလိုက်ဘဲ ခံစားနေရတဲ့ နာတာရှည် ကျန်းမာရေးပြဿနာကို ဖော်ပြနေတဲ့ အချက်ပြလက္ခဏာတွေပါ။”ခံတွင်းကျန်းမာရေးကနေတဆင့် ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖော်ပြနေလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ခံတွင်းကျန်းမာရေးက ပြင်းထန်တဲ့ရောဂါတွေရဲ့ အချက်ပြလက္ခဏာတွေပါ
သွားနဲ့ခံတွင်း ကျန်းမာရေးအခြေအနေတွေကနေ အခုလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖော်ပြနေပါတယ်။- သွားတွေပဲ့တာ၊ ကွဲအက်တာ
- စိတ်ဖိစီးမှု များလွန်း နေတာ
- မေးရိုးက ပုံစံမှန်မှန် မရှိနေတာ
- သွားတွေစုံစုံလင်လင် မရှိတာ
- အခြားသော ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
- သွားဖုံးသွေးယိုတာ
- ရုတ်တရက် သွားပေါက်တွေ များလာတာ
- မကြာခဏ ခံတွင်းထဲမှာ အနာဖြစ်တာ
- သွားကြွေလွှာတွေ ပျက်စီးတာ
- အမြဲလိုလို ခံတွင်းနံ့ဆိုးနေတာ
ခံတွင်းကျန်းမာရေးနဲ့ ကျန်းမာရေးကို ဒီလိုလေး စောင့်ရှောက်ပေးပါ
သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့ကို ၂ ကြိမ် သွားတိုက်တာ၊ သွားပွတ်ကြိုးသုံးပြီး သွားကြိုသွားကြား က အစာဟောင်းတွေကို ဖယ်ရှားပြီး ခံတွင်းကျန်းမာရေးကို ကာကွယ်လို့ ရပါတယ်။ ဒါပေမယ့် သွားနဲ့ ခံတွင်း ကျန်းမာရေးကိုရော၊ အခြားသော ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ဖို့ဆိုရင်တော့ -- ပုံမှန် သွားနဲ့ခံတွင်းစစ်ဆေးမှုကို ခံယူပါ
- စိတ်ဖိစီးမှု ဖြေလျှော့ပါ
- အာဟာရပြည့်ဝမျှတအောင် စားသုံးပါ
- နာတာရှည် ကျန်းမာရေး ပြဿနာတွေအတွက် ကုထုံးတွေ ခံယူပါ
- ဆေးလိပ်နဲ့ အရက်ဖြတ်ပါ
- ရေပြည့်ဝအောင် သောက်သုံးပါ။
Lotoshinn ရဲ့ စကားလက်ဆောင် ခံတွင်းကျန်းမာရေးက လူတိုင်းအတွက် အတော်လေး အရေးကြီးပါတယ်။ သွားနဲ့ခံတွင်းကျန်းမာမှ အပြုံး လှလှလေးတွေ ပြုံးနိုင်မှာပါ။ ဒါပေမယ့် တကယ်ကတော့ ခံတွင်းကျန်းမာရေးက အပြုံးလှလှလေးတွေ ပြုံးနိုင်ဖို့ဆိုတာထက် ပိုပါတယ်။ ခံတွင်းကနေတဆင့် အာဟာရ ချို့တဲ့တာကစလို့ ကိုယ်တွင်းမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါလိုမျိုး နာတာရှည် ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်ဆိုတာကို ကြိုတင်ဖော်ပြပေးနေတဲ့ အချက်ပြမှု တစ်ရပ်ဆိုလည်း မမှားပါဘူး။ သွားနဲ့ ခံတွင်းရဲ့ ကျန်းမာရေး အခြေအနေကို သေချာလေး ဂရုစိုက်လိုက်တာက ခန္ဓာကိုယ်မှာ နာတာရှည် ကျန်းမာရေးပြဿနာတွေကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချနိုင်ပြီး စောစောသိရှိ ကုသနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ခံတွင်းကျန်းမာရေးကို အမှုမဲ့ အမှတ်မဲ့ မထားကြဖို့ အကြံပြုလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!