ချွေးထွက်များပြီး ချိုင်းချွေးနံ့နံတာက ဘာကြောင့်ဖြစ်ရတာလဲ!
ချိုင်းချွေးနံ့နံတာက ချွေးဂလင်းတွေကနေ ထွက်လာတဲ့ ချွေးတွေက ချိုင်းအရေပြားပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့မိပြီး ချွေးနံ့တွေ ဖြစ်လာရတာပါ။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တာ၊ ရာသီဥတု ပူပြင်းတာ၊ စိတ်ဖိစီးမှု များနေတာ၊ အချို့သော ကျန်းမာရေးအခြေအနေတွေနဲ့ သိုင်းရွိုက်လုပ်ဆောင်မှု အရမ်းများနေတာတွေကြောင့် ချိုင်းချွေးနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။- ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ
- ရာသီဥတု ပူလွန်းတာ
- စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ
- ဟော်မုန်းပြောင်းလဲမှု ဖြစ်နေတာ
- အချို့သော အစားအစာတွေ
- ကျန်းမာရေး အခြေအနေတွေ
- ဆေးဝါးတွေ
- ဘဝနေထိုင်မှုပုံစံတွေ
- အခြားသော အကြောင်းအရင်းများ
ချိုင်းချွေးနံ့နံတာကို သက်သာစေဖို့ ဘာလုပ်ရမလဲ!
ချိုင်းချွေးနံ့နံတာကို သက်သာစေဖို့ဆိုရင်တော့ -- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ
- ချွေးနံ့ပျောက်ဆေး သုံးပါ
- ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးပါ
- ချိုင်းမွေးတွေကို ဖယ်ရှားပေးပါ
- စိတ်ဖိစီးမှု ဖြေလျော့ပါ
ဘယ်လို အခြေအနေဆို ဆရာဝန်ပြရမလဲ!
ချိုင်းချွေးထွက်တာကို သက်သာစေမယ့် နည်းလမ်းတွေ ချွေးနံ့နံတာကို သက်သာစေဖို့ ဂရုစိုက် လုပ်ဆောင်နေပေမယ့် ချိုင်းချွေးထွက်များတာ၊ ချိုင်းချွေးနံ့နံတာက မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပြီး လိုအပ်တဲ့ ကုထုံးကို ခံယူဖို့ လိုပါမယ်။Lotoshinn ရဲ့ စကားလက်ဆောင် ချိုင်းချွေးနံ့နံတာက အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်တာမို့ ကိုယ်တိုင်မှာ ဘယ်လို အလေ့အကျင့်တွေ လုပ်မိနေလဲဆိုတာကို ဆန်းစစ်ဆင်ခြင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း သေချာ ဂရုစိုက်မယ်ဆိုရင် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ချိုင်းချွေးနံ့နံနေမလားဆိုတဲ့ စိုးရိမ်စိတ်ကင်းကင်းနဲ့ လုပ်ဆောင်နိုင်မှာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!