ခြေထောက်မှာတွေ့ရနိုင်တဲ့ သွေးကြောတွေ ပိတ်ဆို့နေတဲ့ လက္ခဏာများ
ခြေထောက်တွေမှာ ကိုက်ခဲသလို၊ ထုံကျဉ်သလို ခံစားရတာက ခြေထောက်အပါအဝင် ခန္ဓာကိုယ် အောက်ဖက် အစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိမှု နည်းစေတဲ့ သွေးကြောတွေမှာ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေတဲ့ ကျန်းမာရေးပြဿနာ (PAD) ကြောင့်ပါ။ ဒီလို ဖြစ်တဲ့အခါ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။- လမ်းလျှောက်နေရင်း ခြေထောက်ထဲက ကိုက်ခဲတာ
- ခြေထောက်တွေ ထုံကျဉ်နေတာ
- ခြေထောက်တစ်ဖက်က အခြားတစ်ဖက်ထက်ပိုပြီး အေးနေတာမျိုး
- ခြေထောက်က အနာတွေ အနာကျက်နှေးလာတာ
- ခြေထောက်က အမွေးအမျှင်တွေ နည်းလာတာ
- ခြေထောက်မှာ သွေးခုန်နှုန်းနည်းလာတာ
Lotoshinn ရဲ့ စကားလက်ဆောင် လမ်းလျှောက်ချိန်မှာ ခြေထောက်ထဲက နာကျင်နေတာ၊ ခြေသလုံးမှာ ကြွက်တက်တာ၊ ခြေကုန်လက်ပမ်း ကျသလို ခံစားလာရတာ၊ ခြေထောက်တွေ အေးနေတာကို ခံစားရမယ်ဆိုရင်တော့ အမှုမဲ့ အမှတ်မဲ့ မနေဘဲ သွေးကြောတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ လိုပါမယ်။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!