ဆန်တွေပိုးမတွယ်စေဖို့ ထိန်းသိမ်းနည်း
အထွေထွေ

ဆန်တွေပိုးမတွယ်စေဖို့ ထိန်းသိမ်းနည်း

Admin

📅 16.09.2025
ဆန်ဆိုတာက မြန်မာလူမျိုးတွေအပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတော်တော်များများရဲ့ အဓိက ပင်မ အစားအသောက်ဆိုလည်း မမှားပါဘူး။ ဒီလို အဓိက စားသုံးတဲ့ ဆန်တွေကို ပုံးတွေနဲ့ သိမ်းထားတတ် ကြသလို အချို့ဆိုရင် စဉ့်အိုးတွေနဲ့ သိုလှောင်သိမ်းဆည်းထားကြတာမျိုးလည်း ရှိပါတယ်။ ဒီလို သိမ်းဆည်းတဲ့ အခါ အချိန်ကြာလာတာနဲ့အမျှ ပိုးတွေတွယ်လာတာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက် မှာတော့ သိုလှောင်သိမ်းဆည်းထားတဲ့ ဆန်တွေကိုပိုးမတွယ်အောင် ဘယ်လိုသိမ်းဆည်းရမလဲ ဆိုတာကို ဝေမျှပေးချင်ပါတယ်။ 

ဆန်တွေပိုးမတွယ်စေဖို့ ထိန်းသိမ်းနည်း

ဆန်တွေကို ဓာတုဆေးဝါးတွေသုံးပြီး ပိုးမတွယ်အောင် လုပ်လို့ရတယ်ဆိုပေမယ့် ဒါက ဘေးထွက်ဆိုးကျိုးတွေနဲ့ ကျန်းမာရေး ထိခိုက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေကို သုံးပြီး ဆန်ပိုးမတွယ် အောင် အခုလိုလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ 
  • တမာရွက်အခြောက်ခံပြီး ထည့်ပါ
တမာရွက် ရင့်ရင့်လေးကို သန့်စင်ပြီး အခြောက်ခံပါ။ ပြီးရင်တော့ ဆန်တွေနဲ့ သမအောင် မွှေပြီး လေလုံပုံးထဲကို သိမ်းထားမယ်ဆိုရင်တော့ ဆန်တွေ ပိုးမတွယ်ဘဲ နှစ်ရှည်လများ သိမ်းထားလို့ ရမှာပါ။
  • ကြက်သွန်ဖြူတွေ ထည့်ပါ
ကြက်သွန်ဖြူနံ့က ဆန်ပိုးတွေကို တော်တော်လေး မောင်းထုတ်နိုင်ပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူတွေကို သေချာလေး လေသလပ်ခံပြီး ဆန်တွေနဲ့ သမအောင်မွှေလို့ လေလုံပုံးထဲကို သိမ်းထားမယ်ဆိုရင်တော့ ဆန်တွေ ပိုးမတွယ်ဘဲ အကြာကြီး သိမ်းထားလို့ ရမှာပါ။ 
  • ပူဒီနာရွက်ထည့်ပါ
ပူဒီနာရွက်ကို အခြောက်ခံပြီး ဆန်ပုံးထဲကို ထည့်ထားမယ်ဆိုရင်လည်း ဆန်တွေကို ပိုးမတွယ်စေဘဲ အကြာကြီး သိမ်းထားလို့ ရမှာဖြစ်ပါတယ်။ 
  • ကရဝေးရွက်
သန့်စင်ပြီး အခြောက်ခံထားတဲ့ ကရဝေးရွက်ကို ဆန်တွေနဲ့ သမအောင် မွှေပြီး လေလုံပုံးထဲကို ထည့်သိမ်းထားမယ်ဆိုရင်လည်း ဆန်တွေကို ပိုးမတွယ်ဘဲ အကြာကြီး သိမ်းထားလို့ ရမှာပါ။
  • နာနတ်ပွင့်
ခြောက်သွေ့သန့်စင်တဲ့ နာနတ်ပွင့်တွေကို ဆန်တွေနဲ့ သမအောင် မွှေပြီး လေလုံပုံးထဲကို ထည့်သိမ်းထားမယ်ဆိုရင်လည်း ဆန်တွေကို ပိုးမတွယ်ဘဲ အကြာကြီး သိမ်းထားလို့ ရမှာပါ။
  • လေးညှင်းပွင့်
ခြောက်သွေ့ သန့်စင်တဲ့ လေးညှင်းပွင့်ကို ဆန်တွေနဲ့ သမအောင် မွှေပြီး လေလုံပုံးထဲကို ထည့်သိမ်းထားမယ်ဆိုရင်လည်း ဆန်တွေကို ပိုးမတွယ်ဘဲ အကြာကြီး သိမ်းထားလို့ ရမှာပါ။
  • ပျဉ်တော်သိမ်ရွက်
သန့်စင်ပြီး အခြောက်ခံထားတဲ့ ပျဉ်တော်သိမ်ရွက်ကို ဆန်တွေနဲ့ သမအောင် မွှေပြီး လေလုံပုံးထဲကို ထည့်သိမ်းထား မယ်ဆိုရင်လည်း ဆန်တွေကို ပိုးမတွယ်ဘဲ အကြာကြီး သိမ်းထားလို့ ရမှာပါ။
Lotoshinn ရဲ့ စကားလက်ဆောင် အပေါ်ကပြောတဲ့ နည်းလမ်းတွေနဲ့ ဆန်ပိုးမတွယ်အောင် လုပ်ဆောင်တဲ့အခါ အရွက်တွေကို သေချာခြောက်ခံဖို့ လိုပါမယ်။ အကြောင်းကတော့ အရွက်တွေက စိုထိုင်းထိုင်း ဖြစ်နေမယ်ဆိုရင်တော့ ဆန်တွေမှာ မှိုစွဲပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာ ကြောင့်ပါ။ 

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!