ဆယ်ကျော်သက်လေးတွေ ဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ!
ဆယ်ကျော်သက်လေးတွေ ဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေ ကြောင့်ပါ။လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေ
- ရွယ်တူချင်းကြားက ဖိအားတွေကြောင့်
- လူမှုပုံရိပ်တွေကြောင့်
- မိသားစုလွှမ်းမိုးမှုကြောင့်
စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားတွေ
- စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဖြေရှင်းတာ
- နီကိုတင်းစွဲနေတာ
- စူးစမ်းချင်တာ
- ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတာ
ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေ
- ဆေးရွက်ကြီး ဈေးကွက်ချဲ့ထွင်မှုကြောင့်
- ဈေးနှုန်းအရ သက်သာတာကြောင့်
- ဝယ်ရလွယ်တာကြောင့်
- မီဒီယာတွေကြောင့်
Lotoshinn ရဲ့ စကားလက်ဆောင် ဆယ်ကျော်သက်လေးတွေ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အသုံးပြုရတာက လူမှုပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေကြောင့် အဖြစ်များကြပါတယ်။ ရွယ်တူသူငယ်ချင်း တွေထဲမှာ ဆေးလိပ်သောက်တဲ့သူတွေရှိတာကြောင့်လည်း ကလေးတွေက ဆေးလိပ် သောက်ကြတာပါ။ အချို့သော ဆယ်ကျော်သက်လေးတွေကတော့ ဆယ်ကျော်သက်အရွယ်မှာ တွေ့ကြုံ ခံစားရတဲ့ အပြောင်းအလဲတွေကြောင့် စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကြောင့်လည်း ဆေးလိပ်သောက်ကြတာပါ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!