ဆိုရီရေးစစ် (Psoriasis) ရှိနေရင် ရှောင်သင့်တဲ့ အရာများ
ဆိုရီရေးစစ် အရေပြားပြဿနာကို ခံစားနေရပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေနဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေထက် ပိုဆိုးလာတာမျိုးတွေ မဖြစ်စေဖို့ဆိုရင် အခုပြောပြတဲ့ အစားအစာလေး တွေကို ရှောင်ဖို့လိုပါမယ်။- ဂလူတန် ပါတဲ့ အစားအစာတွေ
- အနီရောင် အသားတွေ
- ပြုပြင်ထားတဲ့ အစားအစာတွေ
- အရက်
- ကဖင်း
- Nightshade vegetables တွေ
- ခရမ်းချဉ်သီး
- ငရုတ်ပွ
- အာလူး
- ခရမ်းသီးတို့လိုမျိုး အသီးတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ ဒီအသီးအနှံတွေမှာပါနေတဲ့ chemical တစ်မျိုးက ဆိုရီရေးစစ်ကိုရော ရောင်ရမ်းမှုတွေကိုပါ ပိုဆိုးစေနိုင်တာကြောင့်ပါ။
ဘာတွေ စားရမလဲ!
ရှောင်ရမယ့် အစားအစာတွေပြီးတော့ စားပေးသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဆိုရီရေးစစ် ရှိမယ်ဆိုရင် အပေါ်မှာ ပြောခဲ့တာလေးတွေကို ရှောင်ပြီးတော့ လက္ခဏာတွေ သက်သာစေဖို့အတွက် ဆိုရင်တော့ -- သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ
- အိုမီဂါ သရီးကြွယ်ဝတဲ့ ငါး
- ဗီတာမင် D ဖြည့်စွက်ဆေးဝါးတွေ
- ပရိုဘိုင်အိုတစ် ပါတာတွေ
- အော်ဂဲနစ် အစားအစာတွေကို နေ့စ၁ည် စားသုံးမှုမှာ ပါဝင်အောင် စားသုံးသင့်ပါတယ်။
ဘယ်လို အခြေအနေတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်လဲ!
နေ့စဉ်ပတ်ဝန်းကျင်မှာ ထိတွေ့နေရတဲ့ အခြေအနေ အရပ်ရပ်ကလည်း ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။- ရာသီဥတု အေးတာ၊ခြောက်သွေ့တာ
- စိတ်ဖိစီးတာ
- အရက်သောက်တာ
- အရေပြားမှာ ထိခိုက်မိတာ
- ပိုးဝင်ကူးစက်ခံရတာ (လည်ချောင်းနာတာလိုမျိုး)
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးတာ
- အချို့သောဆေးဝါးတွေကြောင့်လည်း ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။
Lotoshinရဲ့ စကားလက်ဆောင် အချို့သော အစားအစာတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်တာကြောင့် နေ့စဉ် စားသုံးမှုမှာ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကိုယ်တိုင်ရဲ့ စားသောက်မှုတွေကို သေချာ ဂရုစိုက်ဖို့လည်း လိုပါမယ်။ ဆိုရီရေးစစ်ရှိသူတွေအနေနဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းတဲ့ ပရိုတင်း၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ နှံစားသီးနှံတွေနဲ့ အပင်ကနေရတဲ့ အဆီတွေကို အဓိက စားသင့်ပါတယ်။ ဆိုရီရေးစစ်ရှိသူတွေ အနေနဲ့ အစားအစာလေးတွေကို သေချာလေး ဂရုစိုက် စားပေးတာ၊ နေ့စဉ်ရဲ့ အပြုအမူလေးတွေကို ဂရုစိုက်ဆင်ခြင်တာက ဆိုရီရေးစစ်ကို သက်သာစေဖို့ရော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ ဆီးချို၊ အဝလွန်တာ၊ နှလုံးရောဂါလိုမျိုး ပြဿနာတွေ ဖြစ်နိုင်ခြေကိုပါ အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာပါ။ ဆိုရီရေးစစ် ရှိမယ်ဆိုရင် အစားအသောက် ဂရုစိုက်မှုနဲ့အတူ ပုံမှန် အသားအရေ ကျန်းမာရေးကို ထိန်းသိမ်းတာ၊ လိုအပ်တဲ့ ဆေးကုသမှု ခံယူတာမျိုးတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!