ဆီးချိုမဖြစ်ချင်ဘူးဆိုသူတို့အတွက် စားသောက်မှုပုံစံတစ်ရပ်
အထွေထွေ

ဆီးချိုမဖြစ်ချင်ဘူးဆိုသူတို့အတွက် စားသောက်မှုပုံစံတစ်ရပ်

Admin

📅 06.09.2025
ဆီးချိုဆိုတာက အရင်ကဆိုရင် မျိုးရိုးရှိမှ ဖြစ်တဲ့ ကျန်းမာရေးပြဿနာလို့ သိကြပေမယ့် အခုနောက်ပိုင်းမှာ တော့ ဆီးချိုဖြစ်တဲ့သူတွေက တော်တော်လေး များလာပါတယ်။ ဒါက နေထိုင်စားသောက်မှုနဲ့လည်း အများကြီး သက်ဆိုင်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆီးချို မဖြစ်ချင်ဘူးဆိုတဲ့သူတွေအတွက် သိထား လိုက်နာသင့်တဲ့ စားသောက်မှုပုံစံတစ်ရပ်ကို မျှဝေပေးလိုက်ပါတယ်။

ဆီးချိုမဖြစ်ချင်ဘူးဆိုသူတို့အတွက် စားသောက်မှုပုံစံတစ်ရပ်

ဆီးချိုမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် နေ့စဉ်တိုင်းမှာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေး လုပ်ဆောင်ပေးတာအပြင် နေ့စဉ် စားသုံးမှုမှာ Mediterranean-style diet ကို စားသုံးပေးဖို့လည်း လိုပါမယ်။ ဒီလို စားသောက်တာက အဝလွန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတာအပြင် ဆီးချိုမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။  ဒီစားသောက်မှုပုံစံကို လိုက်နာတာက ဆီးချိုဖြစ်နိုင်ခြေကို ၃၁% အထိလျှော့ချပေးနိုင်တယ်လို့ ဩဂုတ်လ ၂၅ ရက်နေ့က Annals of Internal Medicine ရဲ့ ထုတ်ပြန်ချက် တစ်ရပ်မှာ ပါရှိပါတယ်။ နေ့စဉ်နေထိုင် စားသောက်မှုပုံစံက ဆီးချိုကိုရော အဝလွန်နိုင်ခြေကိုပါ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသောက်မှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေ၊ သံလွင်ဆီလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို များများစားပေးတာ၊ နို့ထွက်ပစ္စည်းတွေ၊ အဆီနည်းတဲ့အသားတွေဖြစ်ကြတဲ့ ကြက်သား၊ ငါးတို့ကနေရတဲ့ ပရိုတင်းတွေကို အတန်အသင့်စားပြီး အနီရောင်အသားတွေကိုတော့ တတ်နိုင်သမျှ လျှော့စားဖို့ လိုပါမယ်။  လေ့လာမှုအတွင်း အသက် ၅၅ နှစ် ကနေ ၇၅ နှစ်အတွင်းရှိတဲ့ လူပေါင်း ၄၇၀၀ ရဲ့ ကျန်းမာရေး အချက်အလက်တွေကို လေ့လာခဲ့ပြီး နေ့စဉ် နေထိုင်စားသောက်မှုကို အသေးစိတ် လေ့လာခဲ့ကြပါတယ်။ ဒီလေ့လာမှုမှာ ပါဝင်သူတွေက အဝလွန်နေကြပေမယ့် အမျိုးအစား (၂) ဆီးချိုတော့ ခံစားနေရတာမျိုး မရှိပါဘူး။  လေ့လာမှုမှာ ပါဝင်သူတစ်ဝက်က ကယ်လ်လိုရီပါဝင်မှု နည်းတဲ့ Mediterranean diet ကို စားကြပြီး ပုံမှန် ကိုယ်လက်လှုပ်ရှားမှုကိုလည်း လုပ်ဆောင်ကြပါတယ်။ အခြားသူတွေကတော့ အဆီကိုလျှော့စားတာမျိုး မရှိဘဲ Mediterranean diet ကိုတော့ စားကြပါတယ်။  လေ့လာမှုအရ သိရတာက Mediterranean diet စားသုံးမှုက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး ထိရောက်မှု ရှိတယ်ဆိုတာပါ။  ကယ်လ်လိုရီနဲ့ အဆီလျှော့ထားတဲ့ Mediterranean diet စားသုံးကြတဲ့သူတွေက ခါးတဝိုက်က အဆီတွေ ကျသွားသလို ကိုယ်အလေးချိန်ကလည်း ၇ ပေါင်လောက်အထိ ကျသွားတာကို တွေ့ခဲ့ရပါတယ်။ ဒီလေ့လာမှုကို ၆ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။  အချုပ်အားဖြင့် ပြောရမယ်ဆိုရင် နေ့စဉ်တိုင်းမှာ လမ်းလျှောက်တာကစလို့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန် လုပ်ဆောင်ပြီး အဆီနဲ့ ကယ်လ်လိုရီ ပါဝင်မှုနည်းတဲ့ Mediterranean diet ကို စားသောက်ပေးမယ်ဆိုရင်တော့ အမျိုးအစား (၂) ဆီးချိုကို ကာကွယ်နိုင်မှာ ဖြစ်သလို အဝလွန်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။ SOURCE: Harvard T.H. Chan School of Public Health, news release, Aug. 25, 2025

0

Total Comments

မှတ်ချက်
Admin

Admin

ကျန်းမာရေးနှင့် လူနေမှုဘဝဆိုင်ရာ ဆောင်းပါးများကို စိတ်ပါဝင်စားစွာ ရေးသားနေသူဖြစ်ပြီး အကျိုးရှိသော ဗဟုသုတများကို မျှဝေပေးလျက်ရှိပါသည်။

မှတ်ချက်များ (0)

ဤ environment တွင် မှတ်ချက်ပေးခြင်းကို ယာယီပိတ်ထားပါသည်။

Production database ကို staging မှာ same ချိတ်စမ်းနေချိန် မတော်တဆ data write မဖြစ်စေရန် read-only mode ဖြင့်ထားထားခြင်း ဖြစ်ပါသည်။

မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!