ဆီးအနံ့ပြင်းတာ ဘာကြောင့်များလဲ!
ဆီးနံ့ပြင်းတာက အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အချို့သော အခြေအနေမှာ ရေသောက်နည်းတာကြောင့် ကိုယ်တွင်းရေဓာတ်ခမ်းခြောက်မှုရဲ့ အကျိုးဆက်အနေနဲ့ ဆီးနံ့ပြင်းတာပါ။ နောက်ထပ် အဖြစ်များတဲ့ အကြောင်းအရင်း တစ်ရပ်ကတော့ အစားအသောက်တွေထဲမှာ အနံ့ပြင်းတဲ့ အစားအစာတွေကြောင့်ဆီးနံ့ပြင်းတာမျိုးလည်း ရှိနိုင်သလို အားဆေးတွေနဲ့ အချို့သော ဆေးဝါးတွေ ကြောင့်လည်း ဆီးနံ့ပြင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဆီးနံ့ပြင်းတာက တစ်ခါတလေ မဟုတ်ဘဲ အမြဲလိုလို ဖြစ်နေပြီဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။ဆီးနံ့ပြင်းနေရတာ ဒီအကြောင်းတွေကြောင့်ပါ
ဆီးနံ့က အနံ့အရမ်းပြင်းနေရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။- ရေသောက်နည်းနေတာ
- အစားအသောက်
- ဆေးဝါးတွေ
- ဆီးလမ်းကြောင်း ပိုးဝင်တာ (UTIs)
- ဆီးချိုရောဂါ ရှိနေတာ
- ကျောက်ကပ်ရောဂါ ရှိနေတာ
- အသည်းရောဂါ ရှိနေတာ
- ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တာ
ဒီလိုအခြေအနေဆိုရင် ဆရာဝန်နဲ့ ပြသပါ
ဆီးအနံ့က ခဏတာ မဟုတ်ဘဲ အမြဲတမ်းနီးပါး အနံ့ပြင်းနေတာနဲ့အတူ ဆီးသွားရခက်တာ၊ နာကျင်တာ၊ ယားယံတာ၊ ပြည်လိုမျိုးတွေ ထွက်တာ၊ အဖျားတက်တာ၊ ဆီးအရောင်ရင့်လွန်းတာ၊ အရေပြားနဲ့ မျက်ဖြူသားတွေ ဝါလာာတာမျိုး ရှိမယ်ဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံးပြသဖို့ လိုပါမယ်။Lotoshinnရဲ့ စကားလက်ဆောင် ရေသောက်နည်းတာကြောင့် ဆီးနံ့ပြင်းတာ ဆီးအရောင်ရင့်တာ ဖြစ်နိုင်တယ်ဆိုပေမယ့် အချိန်အတော်ကြာတဲ့ အထိ မသက်သာဘဲ ရှိနေမယ်။ နေရထိုင်ရ မသက်မသာတာမျိုးတွေပါ ခံစားရမယ်ဆိုရင် ကျန်းမာရေး အကြောင်းရင်းခံ တစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ လိုအပ်တဲ့ စစ်ဆေးကုသမှုကို ခံယူဖို့ အကြံပြုပါရစေ။
မှတ်ချက်များ မရှိသေးပါ။ ပထမဆုံး မှတ်ချက်ပေးသူ ဖြစ်လာပါ!